ငရုတ်ပွများ စျေးကွက်အတွင်း ဝယ်လိုအားနည်း၍ ပင်ရင်းစျေးကွက်တွင် စျေးအလွန်အမင်း ကျဆင်းနေ

ရန်ကုန်၊ ဧပြီ ၁၉

ငရုတ်ပွများ စျေးကွက်အတွင်း ဝယ်လိုအားနည်းနေသည့်အတွက် ပင်ရင်းစျေးကွက်တွင် စျေးအလွန်အမင်း ကျဆင်းနေကြောင်းနှင့် လက်ရှိ အနေအထားအရ ငရုတ်ပွများ အဝင်များနေသော်လည်း ရောင်းလိုအား နည်းပါးနေကြောင်း သိရသည်။

“ငရုတ်ပွက တစ်ပိဿာ ကျပ် ၆၈၀၀၊ ကျပ် ၇၀၀၀ ကနေ ကျပ် ၂၇၀၀၊ ကျပ် ၂၅၀၀ တွေ ရောက်သွားတယ်။ တော်တော်ကျသွားတယ်။ အောင်ပန်းရဲ့အထာက အဲဒီလိုတွေဖြစ်တယ်။ ဘာကြောင့် အဲဒီလိုဖြစ်လဲဆိုတော့ နံပါတ်တစ်ကအဝင်များလို့၊ နံပါတ်နှစ်က အဆွဲနည်းလို့၊ အဝယ်နည်းလို့” ဟု အောင်ပန်းမြို့ရှိ ကုန်စိမ်းပွဲရုံတစ်ရုံမှ တာဝန်ရှိသူက ဆိုသည်။

ပုံမှန်အားဖြင့် သင်္ကြန်ကာလမတိုင်မီနှင့် သင်္ကြန်အပြီးကာလများတွင် ကုန်စိမ်းစျေးနှုန်းများ အတက်၊ အကျ ပြောင်းလဲမှုရှိတတ်ပြီး အချို့သီးနှံစျေးများကို ခန့်မှန်းနိုင်သော်လည်း အချို့သီးနှံများမှာ လက်ရှိ အခြေအနေအရ ခန့်မှန်းရခက်ကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံတွင် ငရုတ်ပွသီးကို ငရုပ်ချို၊ ငရုပ်ပွဟုခေါ်ပြီး ပုံမှန်အားဖြင့် စျေးကောင်းရလေ့ရှိသော အသီးအနှံဖြစ်ကာ သီးညှပ်အဖြစ် အများဆုံး စိုက်ပျိုးလေ့ရှိကြသည်။ ငရုပ်ပွသည် ငရုပ်အစပ်ထက် ရေဓာတ်ပိုများသောကြောင့် ပုပ်သိုးလွယ်ကာ သယ်ယူရာတွင်လည်း ပိုမိုဂရုတစိုက် သယ်ဆောင်ရပြီး ခူးဆွတ်ရာတွင်လည်း နေအေးချိန်တွင်သာ ခူးဆွတ်သင့်သည်။

Thit Taw

 

mdn