သံတွဲ နိုဝင်ဘာ ၁၉
တန်ဆောင်မုန်းလပြည့်နေ့ဖြစ်သည့် နိုဝင်ဘာ ၁၈ ရက်၌ သံတွဲမြို့၏ ကျက်သရေဆောင် တန်ခိုးကြီး ဘုရားများဖြစ်သည့် သမိုင်းဝင်ဗျာဒိတ်တော်ရ ရွှေဆံတော်စေတီ၊ ရွှေနံတော်စေတီ၊ ရွှေအံတော် စေတီတော် တို့တွင် အနယ်နယ်အရပ်ရပ်မှ ပြည်သူများ လာရောက်ပြီး အေးချမ်းစွာ တရားထိုင်ခြင်း၊ ဘုရားဖူးခြင်းတို့ ဆောင်ရွက်ခဲ့ပြီး အလှူရှင်များကလည်း မြို့တွင်းအနှံ့ စတုဒိသာအလှူများ ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
ထို့အပြင် ငပလီကမ်းခြေတွင်လည်း အနယ်နယ်အရပ်ရပ်မှ ပြည်သူများ လာရောက်ပြီး အေးချမ်းသာယာစွာ အနားယူကာ ပင်လယ်ရေကစားလျက်ရှိသကဲ့သို့ ဆောင်းဦးပွဲတော်အထိမ်းအမှတ် ဈေးရောင်းပွဲတော်များဖြင့် အထူးစည်ကားလျက်ရှိသည်။
ခရိုင်(ပြန်/ဆက်)