ငှက်ပျောအမျှင် အသုံးပြု ထုတ်လုပ်ထားသည့် mask များသည် ပလက်စတစ် သုံးစွဲမှုကို လျော့ချနိုင်

၃၀ ဇူလိုင်

 

 

ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကာကွယ်ရန် ပြုလုပ်ထားသည့် သန်းပေါင်း များစွာသော ခွဲစိတ်ခန်းသုံး ပလတ်စတစ် mask များအစား ငှက်ပျောအမျှင် အသုံးပြုထားသည့် mask များကို အစားထိုး အသုံးပြုနိုင်သည်။

 

 

ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ဖြစ်ပွားနေချိန်တွင် သဘာဝအတိုင်း မဟုတ်ပဲ ဖန်တီးပြုလုပ်ထားသော mask များကို ဝယ်ယူကြလျှင် ထို mask များ ဆွေးမြည့်ပျက်စီးရန် အချိန်ကြာမြင့်မည် ဖြစ်သဖြင့် အမှိုက်ပုံများတွင် စုပုံလာမည် ဖြစ်ကြောင်း ဖိလစ်ပိုင် ဖိုက်ဘာအေဂျင်စီ အကြီးအကဲ ကိုစတာလတ်က ပြောကြားခဲ့သည်။

 

 

တစ်ခါသုံး မျက်နှာဖုံး နှာခေါင်းစည်းများ ရောင်းချခြင်းသည် ယခုနှစ်တွင် အမေရိကန် ဒေါ်လာ ၁၆၆ ဘီလီယံ အထိ မြင့်တက်လာသည်ဟု အမေရိကန် ကုန်သွယ်ရေး ဆောင်းပါး၏ ဖော်ပြချက်အရ သိရသည်။

 

 

ဖိလစ်ပိုင်နိုင်ငံတွင် ငွေစက္ကူများနှင့် လဖ္ဘက်ရည်အိတ်များတွင် အသုံးပြုသော ငှက်ပျောအမျှင်များသည် ဓာတုနည်းဖြင့် ပြုလုပ်သော အမျှင်များကဲ့သို့ ကြာရှည်ခံသော်လည်း နှစ်လအတွင်း ဆွေးမြည့်ပျက်စီးမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

 

ဖိလစ်ပိုင်နိုင်ငံ သိပ္ပံနှင့် နည်းပညာ ဦးစီးဌာန၏ ပဏာမလေ့လာ တွေ့ရှိချက်အရ abaca စာရွက်များသည် စီးပွားဖြစ်  N-95 mask ထက် ပိုမိုရေစိုခံနိုင်ကြောင်း တွေ့ရသည်။

 

 

ငှက်ပျောအမျှင် ထုတ်လုပ်မှုသည် ဝယ်လိုအားနှင့် အလျင်မမှီနိုင်ကြောင်း ဖိလစ်ပိုင် ဖိုက်ဘာအေဂျင်စီ အကြီးအကဲ ကိုစတာလတ်က ပြောကြားသည်။ ယခုနှစ်တွင် မက်ထရစ်တန် ၇၄၀ဝ၀ အထိ ထွက်ရှိမည်ဟု ခန့်မှန်းထားကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

 

ကိုးကား- သည်စထရိတ်တိုင်းမ်

ဘာသာပြန်-မြင့်မြင့်ချို