ကော့မှူး ဇူလိုင် ၂၃

 

ခွေးရူးပြန်ရောဂါကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ငှက်အော်စမ်းကျေးရွာ လူငယ်သင်တန်းကျောင်း၌ ကျင်းပသည်။

 

ဟောပြောပွဲတွင် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာမိုးဆမ်းပန်းနှင့် ငှက်အော်စမ်းကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး(၂) ဒေါ်မာလာဝင်းတို့က ခွေးရူးရောဂါ မဖြစ်ပွားအောင် ကြိုတင်ကာကွယ်ဆောင်ရွက်ရမည့်အချက်များကို ဟောပြောခဲ့ပြီး ခွေးရူးရောဂါ ကာကွယ်ရေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

 

ဆက်လက်၍ ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းအတွင်းရှိ မွေးမြူထားသောခွေး အကောင်ရေ ၃၀ အား ဒေါက်တာမိုးဆမ်းပန်းနှင့် ဝန်ထမ်းများက ခွေးရူးရောဂါကာကွယ်ဆေးများ အခမဲ့ထိုးနှံ ပေးခဲ့ကြောင်း သိရသည်။  

ကျော်သူရ (ကော့မှူး)