ငွေကြေးအကျိုးအမြတ်ရယူကာ လူကုန်ကူးခဲ့သူအား ထောင်ဒဏ် ၁၀ နှစ် ချမှတ်

နေပြည်တော်      ဩဂုတ်      ၉

 

အမျိုးသမီးတစ်ဦးကို တရုတ်အမျိုးသားထံ ရောင်းစား၍ ငွေကြေးအကျိုးအမြတ် ရယူခဲ့သူကို လူကုန်ကူးမှုဖြင့်  အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။

 

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်နေ ဒေါ်ရှီးမာဆာ (ခ) ဒေါ်ပိုက်က လိပ်စာတူနေ မ --- ၊ ၃၁နှစ်ကို လီဆူ အမျိုးသားတစ်ဦးနှင့် အိမ်ထောင်ချပေးမည်၊ ရိုးရာဓလေ့ထုံးတမ်း အစဉ်အလာအရ လာရောက် တောင်းရမ်းမည် စသည်ဖြင့် ပြောဆိုစည်းရုံး၍ တရုတ်နိုင်ငံသား လင်ကျီးယဲ့ထံ ရောင်းစားကာ ငွေကြေး အကျိုးအမြတ်များရယူခဲ့သဖြင့် တနိုင်း မြို့မရဲစခန်း (ပ) ၄/ ၂၀၂၁၊  လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ ဖြင့် အမှုရေးဖွင့်၍ မြစ်ကြီးနားခရိုင် တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ဩ ၅ ရက်တွင် တရားခံ ဒေါ်ရှီးမာဆာ (ခ) ဒေါ်ပိုက်ကို လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ ၂၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

 

 သတင်းစဉ်