ဂျေရုဆလင် ဖေဖော်ဝါရီ ၁၇
ဂါဇာကမ်းမြောင်ဒေသအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အဆိုပြုချက်နှင့် ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုနှင့် ဆွေးနွေးခဲ့ကြောင်း အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ပြောကြားလိုက်သည်။
နေတန်ယာဟုနှင့် ရူဘီယိုတို့သည် ဂျေရုဆလင်မြို့တွင် ဖေဖော်ဝါရီ ၁၆ ရက်က တွေ့ဆုံခဲ့ကြကြောင်း သိရသည်။ ၎င်းတို့နှစ်ဦးသည် အထက်ပါကိစ္စရပ် အများအပြားနှင့်ပတ်သက်ပြီး အလွန်အကျိုးရှိ သော ဆွေးနွေးမှုများကို ပြုလုပ်ခဲ့ကြောင်း နေတန်ယာဟုက ပြောသည်။ ထို့အပြင် ဂါဇာ ကမ်းမြောင်၏ အနာဂတ်နှင့်ပတ်သက်ပြီး ထရမ့်၏ မျှော်မှန်းချက် ကို ဆွေးနွေးခဲ့ကြောင်း၊ အဆိုပါမျှော်မှန်းချက် အမှန်တကယ်ဖြစ်ပေါ်လာနိုင်သည့် နည်းလမ်းများကိုလည်း ဆွေးနွေးခဲ့ကြ ကြောင်း နေတန်ယာဟုက ထပ်လောင်းပြောကြားသည်။
အမေရိကန်က ဂါဇာကို သိမ်းပိုက်ရယူပြီး နယ်မြေကို ပြန်လည်တည်ဆောက်မည်ဟု ဒေါ်နယ်ထရမ့်က ယခုလအစောပိုင်းတွင် ပြောကြားထားသည်။ ထို့အပြင် ဂါဇာဒေသခံများကို အခြား တစ်နေရာတွင် ပြန်လည်နေရာချထားမည်ဟုလည်း ပြောကြားထားသည်။
ဇန်နဝါရီ ၁၉ ရက်က စတင်ခဲ့သော အစ္စရေးနှင့် အစ္စလာမ္မစ်အဖွဲ့ ဟားမားစ်တို့အကြား သီတင်း ခြောက်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုမှာ ဆက်လက်တည်မြဲလျက်ရှိသည်။ သဘောတူညီချက်အရ ဟားမားစ်အဖွဲ့က ဓားစာခံ ၃၃ ဦးအနက် ၁၉ ဦးလွှတ်ပေးပြီး ဖြစ်သည်။ အပြန်အလှန်အားဖြင့် အစ္စရေးကလည်း ပါလက်စတိုင်း ၁၁၀၀ ကျော် လွှတ်ပေးပြီးဖြစ်သည်။
အင်န်အိတ်ချ်ကေ