နေပြည်တော် ၁၄ အောက်တိုဘာ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပရာတွင် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်သွားမည့် အထူးရဲများအား ကိုဗစ်- ၁၉ ရောဂါပိုး ရှိ မရှိ စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အထူးရဲများအား ကိုဗစ်- ၁၉ ရောဂါပိုး ရှိ မရှိ Covid-19 Antigen(RTD) Test Kit များဖြင့် စစ်ဆေးခြင်းကို ဒက္ခိဏခရိုင်မှ အထူးရဲ(၃၅၃)ဦးကို ဒက္ခိဏသီရိမြို့နယ်၊ ခုတင်(၅၀)ဆံ့ ဆေးရုံတွင်လည်းကောင်း၊ ဥတ္တရခရိုင်မှ အထူးရဲ(၃၃၆)ဦးကို ဇေယျာသီရိမြို့နယ်၊ ခုတင်(၅၀)ဆံ့ ဆေးရုံတွင်လည်းကောင်း စုစုပေါင်း(၆၈၉)ဦးကို swab ယူစစ်ဆေး ဆောင်ရွက်ခဲ့ရာ အားလုံး Negative ပိုးမတွေ့ အဖြေရရှိကြောင်း နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမျိုးစုကြည်က ပြောသည်။
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် မြို့နယ်(၈)မြို့နယ်၊ ရပ်ကွက်(၅၈)ခု၊ ကျေးရွာအုပ်စု(၁၈၇)စု၊ မဲရုံပေါင်း(၆၄၆)ရုံ၊ ဆန္ဒမဲပေးမည့်သူပေါင်း(၈၆၆၅၈၇)ဦး ရှိကြောင်း ပြည်ထောင်စုနယ်မြေ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။
ပြန်/ဆက်


