နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ တရားမဝင်သစ် တန် ၂၃၀ ကျော် ဖမ်းဆီးရမိ

နေပြည်တော် မေ ၂၄

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်း ပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ် ကြည့်ရှုသတင်းပို့စနစ် (Community Monitoring and Reporting System-CMRS) အပါအဝင်နည်းလမ်းမျိုးစုံဖြင့် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ မေ ၁၆ ရက်မှ ၂၂ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီး ဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၄၂ ဒသမ ၄၂၅၂)တန်၊ သစ်မာ(၇၅ ဒသမ ၄၀၈၂)တန်၊ အခြား(၁၂၁ ဒသမ ၃၂၃၃)တန်၊ စုစုပေါင်း (၂၃၉ ဒသမ ၁၅၆၇)တန်၊ တရားခံ(၂၈)ဦး၊ ယာဉ်/ ယန္တရား (၁၄)စီး ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

 

(သတင်းစဉ်)