နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ (၁၇)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ

နေပြည်တော်   ဇွန်   ၂

 

နေပြည်တော် စည်ပင်သာယာရေး ကော်မတီ၏  (၁၇)  နှစ်မြောက် နှစ်ပတ်လည်နေ့   အခမ်းအနားကို ယမန်နေ့က             နေပြည်တော် မြို့တော်ခန်းမရှိ      မင်္ဂလာခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့  နေပြည်တော်  ပျဉ်းမနားမြို့ သုခဝိဟာရ သရက် ကုန်းကျောင်းတိုက်   ဆရာတော် နေပြည်တော်တိုင်း   သံဃနာယက အဖွဲ့ဥက္ကဋ္ဌ       ဘဒ္ဒန္တဒေါက်တာ မုနိကုမာရ             အမှူးပြုသော ဆရာတော်             သံဃာတော် များ     ကြွရောက်တော်မူကြပြီး နေပြည်တော်  စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ    မြို့တော်ဝန် ဦးတင်ဦးလွင်၏ဇနီး၊    ဒုတိယ မြို့တော်ဝန်     ဦးမောင်မောင်၊ နေပြည်တော်ကောင်စီ     အဖွဲ့ဝင် များ၏ ဇနီးများ၊ အမြဲတမ်းအတွင်း ဝန်နှင့် ဌာနကြီးမှူးများနှင့် ၎င်းတို့၏   ဇနီးများ၊  အထူးဖိတ်ကြား ထားသည့် နေပြည်တော်စည်ပင် သာယာရေး         ကော်မတီတွင် တာဝန်      ထမ်းဆောင်ခဲ့သော အငြိမ်းစား         အရာရှိကြီးများနှင့် နေပြည်တော်     စည်ပင်သာယာ ရေး       ကော်မတီဝန်ထမ်းများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင်         ဧည့်ပရိသတ်များက   ပျဉ်းမနားမြို့ သရက်ကုန်းကျောင်းတိုက် ဆရာတော် ဒေါက်တာမုနိ ကုမာရထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသည့် အန္တရာယ်ကင်းပရိတ်တရားတော်များကို နာယူကြကာ မြို့တော်ဝန် ၏ဇနီး၊ ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများက     လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြသည်။

 

ထို့နောက် ဆရာတော် ဘဒ္ဒန္တ ဒေါက်တာမုနိကုမာရထံမှ နှစ်ပတ်လည်နေ့ သာဓုအနုမောဒနာ တရားနာကြား၍ လှူဒါန်းမှု အစုစု အတွက်  ရေစက်သွန်းချအမျှပေးဝေကြကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

 

ယင်းနောက်      နေပြည်တော် စည်ပင်သာယာရေး  ကော်မတီ၏ (၁၇)နှစ်မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်      ဂုဏ်ပြုဆုများ ချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ နေပြည်တော်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ         မြို့တော်ဝန် ဦးတင်ဦးလွင်        တက်ရောက်၍ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အမှာစကား ပြောကြားသည်။

 

ထို့နောက် မြို့တော်ဝန်၊ ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိ သူများက   နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ နိုင်ငံတော်က  ချီးမြှင့်သည့်     ဝဏ္ဏကျော်ထင်ဘွဲ့ ရရှိသူတစ်ဦး၊ ပြည်သူ့ဝန်ထမ်းကောင်း   တံဆိပ်ရရှိသူ ၅၅  ဦးနှင့်  ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း    သင်တန်းများတွင် ထူးချွန်ဆုရရှိသူ   ငါးဦးတို့ကို ထပ်ဆင့်ဂုဏ်ပြု   ဆုတံဆိပ်များ ချီးမြှင့်ကြသည်။

 

ဆက်လက်၍   မြို့တော်ဝန်၊ ဒုတိယမြို့တော်ဝန်နှင့်   တာဝန်ရှိ သူများက   နေပြည်တော်စည်ပင် သာယာရေး ကော်မတီ   ဝန်ထမ်းများသို့   နှစ်ပတ်လည်နေ့အထိမ်း အမှတ် လူမှုရေးထောက်ပံ့စရိတ်များနှင့်  တက္ကသိုလ်၊ ကောလိပ်နှင့် အခြေခံပညာ    ကျောင်းများတွင် ပညာသင်ကြားလျက်ရှိသော ဝန်ထမ်းများ၏    သားသမီးများ အတွက်      ပညာသင် စရိတ်နှင့် ကျောင်းဝတ်စုံစရိတ်      ထောက်ပံ့ ငွေများ    ပေးအပ်ခဲ့ကြောင်း  သိရသည်။

သတင်းစဉ်