နေပြည်တော်စည်ပင်သာယာရေး ကော်မတီ၏ (၁၇) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ

နေပြည်တော် ဇွန် ၁

နေပြည်တော်စည်ပင်သာယာရေး ကော်မတီ၏ (၁၇)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့တွင် နေပြည်တော် မြို့တော်ခန်းမရှိ မင်္ဂလာခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ နေပြည်တော် ပျဉ်းမနားမြို့ သုခဝိဟာရ သရက်ကုန်းကျောင်းတိုက် ဆရာတော် နေပြည်တော်တိုင်း သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တဒေါက်တာမုနိကုမာရ အမှူးပြုသော ဆရာတော် သံဃာတော်များ ကြွရောက်တော်မူကြပြီး နေပြည်တော်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးတင်ဦးလွင် ၏ဇနီး၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ ၏ဇနီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနကြီးမှူးများနှင့် ၎င်းတို့၏ ဇနီးများ၊ အထူးဖိတ်ကြားထားသည့် နေပြည်တော်စည် ပင်သာယာရေးကော်မတီတွင် တာဝန်ထမ်းဆောင်ခဲ့သော အငြိမ်းစားအရာရှိကြီးများနှင့် နေပြည်တော်စည်ပင်သာယာရေး ကော်မတီ ဝန်ထမ်းများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဧည့်ပရိသတ်များက ပျဉ်းမနားမြို့ သရက်ကုန်းကျောင်းတိုက်ဆရာတော် ဒေါက်တာမုနိကုမာရထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသည့် အန္တရာယ်ကင်းပရိတ်တရားတော်များကို နာယူကြကာ မြို့တော် ဝန်၏ဇနီး၊ ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြသည်။

ထို့နောက် ဆရာတော်ဘဒ္ဒန္တဒေါက်တာမုနိကုမာရ ထံမှ နှစ်ပတ်လည်နေ့ သာဓု အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြကာ အခမ်းအနား ရုပ်သိမ်းလိုက်သည်။

ယင်းနောက် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ (၁၇)နှစ်မြောက်နှစ်ပတ် လည်နေ့အထိမ်းအမှတ် ဂုဏ်ပြုဆုများချီးမြှင့်ခြင်း အခမ်းအနားကို ဆက်လက်ကျင်းပရာ နေပြည်တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးတင်ဦးလွင် တက်ရောက်၍ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အမှာစကားပြောကြားသည်။

ထို့နောက် မြို့တော်ဝန်၊ ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများက နေပြည်တော်စည်ပင် သာယာရေးကော်မတီမှ နိုင်ငံတော်မှချီးမြှင့်သည့် ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသူ(၁)ဦး၊ ပြည်သူ့ဝန်ထမ်း ကောင်း တံဆိပ်ရရှိသူ(၅၅)ဦးနှင့်  ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း သင်တန်းများတွင် ထူးချွန်ဆုရရှိသူ (၅)ဦးတို့ကို ထပ်ဆင့်ဂုဏ်ပြုဆုတံဆိပ်များ ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ မြို့တော်ဝန်၊ ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများက နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဝန်ထမ်းများသို့ နှစ်ပတ်လည်နေ့အထိမ်းအမှတ် လူမှုရေးထောက် ပံ့စရိတ်များနှင့် တက္ကသိုလ်၊ ကောလိပ်နှင့် အခြေခံပညာကျောင်းများတွင် ပညာသင်ကြား လျက်ရှိသော ဝန်ထမ်းများ၏ သားသမီးများအတွက် ပညာသင်စရိတ်နှင့် ကျောင်းဝတ်စုံစရိတ် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်