နောင်တရား‌ဈေးအဝင်၌ ဈေးရောင်း၊ ဈေးဝယ်များကို RDT ဖြင့် အခမဲ့စစ်ဆေးရာ (၈) ဦး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ

နောင်တရား အောက်တိုဘာ ၂၉

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရား ဈေးအဝင်၌ ဈေးရောင်းဈေးဝယ်များကို RDT ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ ယနေ့နံနက်ပိုင်းတွင် အခမဲ့စစ်ဆေးပေးသည်။

 

နောင်တရားဈေးနေ့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မရှိစေရေးအတွက် ဈေးရောင်း၊ ဈေးဝယ်များကို RDT ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးလျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးခံပြီးမှသာ ဈေးရောင်း၊ ဈေးဝယ်ခွင့်ပြုပေးလျက်ရှိသည်။ RDT ဖြင့် ဈေးရောင်း၊ ဈေးဝယ် ၁၉၁ ဦးကို ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးရာ (၈) ဦး ရောဂါပိုးတွေ့ရှိခဲ့သည်။ နောင်တရားဈေးကို ငါးရက်တစ်ကြိမ် ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ဈေးသည်များကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးထားပြီးဖြစ်သည်။ အဆိုပါ ရောဂါထိန်းချုပ်ခြင်း လုပ်ငန်းကို ကျန်းမာရေးဌာနဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် နောင်တရားမြို့ ပရဟိတအဖွဲ့များက ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

 

အောင်တိုဘာ ၂၇ ရက်တွင် နောင်တရားမြို့၌ ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိသူ (၉) ဦးရှိပြီး ယနေ့အထိ ကုသမှုခံယူနေသူ ၃၁ ဦး ကျန်ရှိနေပြီး လွှဲပြောင်းလူနာ (၁)ဦးရှိကြောင်းသိရသည်။

 

ခွန်အောင်(နောင်တရား)

 

mdn