နှစ်လအတွင်း ဗီယက်နမ်နိုင်ငံ၏ ကုန်သွယ်မှုလိုငွေ ကန်ဒေါ်လာ သန်း ၈၀ ရှိ 

ဗီယက်နမ်နိုင်ငံက ယခုနှစ် ပထမနှစ်လအတွင်း အမေရိကန်ဒေါ်လာ ၃၆ ဒသမ ၇ ဘီလီယံတန်ဖိုးရှိ ကုန်ပစ္စည်း များ ပြည်ပသို့တင်ပို့ခဲ့ပြီး နှစ်အလိုက် ၅ ဒသမ ၉ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။ အလားတူ ကာလအတွင်း အမေရိ ကန်ဒေါ်လာ ၃၆ ဒသမ ၈ ဘီလီယံတန်ဖိုးရှိ ကုန်ပစ္စည်းများတင်သွင်းခဲ့သောကြောင့် ကုန်သွယ်မှု လိုငွေမှာ အမေရိကန်ဒေါ်လာ သန်း ၈၀ ရှိကြောင်း အထွေထွေစာရင်းအင်းရုံးက ယနေ့ ပြောကြားသည်။
  

ဗီယက်နမ်နိုင်ငံက ဖုန်းနှင့် အပိုပစ္စည်းများတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၆ ဒသမ ၈ ဘီလီယံ၊ အထည်နှင့် အထည်အလိပ်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄ ဒသမ ၉ ဘီလီယံ၊ လျှပ်စစ်ပစ္စည်းနှင့် အပိုအစိတ်အပိုင်းများ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄ ဒသမ ၂ ဘီလီယံနှင့် ဖိနပ်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၇ ဘီလီယံ ဝင်ငွေရရှိခဲ့သည်။ 

 

ယင်းနှစ်လအတွင်း နှစ်နိုင်ငံကြား ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၈ ဒသမ ၁ ဘီလီယံဖြင့် အမေရိ ကန်ပြည်ထောင်စုမှာ ဗီယက်နမ်နိုင်ငံ၏ အကြီးမားဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ခဲ့သည်။ ဥရောပသမဂ္ဂက အမေရိကန် ဒေါ်လာ ၆ ဒသမ ၃ ဘီလီယံဖြင့် ဒုတိယနေရာရှိပြီး အမေရိကန်ဒေါ်လာ  ၅ ဒသမ ၁ ဘီလီယံဖြင့် တရုတ်နိုင်ငံက ဗီယက်နမ်နိုင်ငံ၏ တတိယအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ကြောင်း စာရင်းအင်းရုံးက ဖော်ပြခဲ့ သည်။ 

 

အလားတူ ကာလအတွင်း ဗီယက်နမ်နိုင်ငံက အမေရိကန်ဒေါ်လာ ၇ ဒသမ ၅ ဘီလီယံတန် လျှပ်စစ်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းအစိတ်အပိုင်းများ၊ အမေရိကန်ဒေါ်လာ ၅ ဒသမ ၆ ဘီလီယံတန် စက်ပစ္စည်းများ၊ အပိုပစ္စည်းများ၊ အမေရိကန်ဒေါ်လာ ၂ ဒသမ ၁ ဘီလီယံတန် ဖုန်းနှင့် ဖုန်းအပိုပစ္စည်းများနှင့် အမေရိကန်ဒေါ်လာ ၂ ဒသမ ၁ ဘီလီယံတန်ဖိုးရှိ အဝတ်အထည်များ တင်သွင်းခဲ့သည်။
 

ဇန်နဝါရီမှ ဖေဖော်ဝါရီ နှစ်လတာကာလအတွင်း အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၇ ဘီလီယံဖြင့် တရုတ်နိုင်ငံက ဗီယက်နမ်နိုင်ငံ၏ အကြီးမားဆုံးသွင်းကုန်နိုင်ငံဖြစ်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၇ ဒသမ ၄ ဘီလီယံဖြင့် တောင်ကို ရီးယားနိုင်ငံက ဒုတိယနေရာမှ ရှိကာ အာဆီယံနိုင်ငံများက အမေရိကန်ဒေါ်လာ ၄ ဒသမ ၇ ဘီလီယံဖြင့် တတိယ နေရာတွင်  ရပ်တည်နေကြောင်း သိရသည်။ 

 

၂၀၁၈ ခုနှစ်အတွင်း ဗီယက်နမ်နိုင်ငံက ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၆ ဒသမ ၈ ဘီလီယံထိ ရရှိခဲ့ သည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မေဇော်ထက်