နွားထိုးကြီး၌ ကိုဗစ်-၁၉ ပိုးတွေ့သူ ၂၀၀ ကျော်ရှိ

နွားထိုးကြီး   ဇူလိုင်  ၁၄

မန္တလေးတိုင်းဒေသကြီး နွားထိုးကြိးမြို့နယ် ဇီကျေးရွာတွင် ရွာသူရွာသား (၃၀)ကို ဇူလိုင် ၁၃ ရက်က ပိုးစစ်ဆေးရာ (၂၂)ဦး ပိုးတွေ့ကြောင်း နွားထိုးကြီးကျန်းမာရေးဌာနမှ သိရသည်။

အလားတူ မြို့နယ်ဆေးရုံတွင် (၈)ဦးကို စစ်ဆေးရာ ပိုးတွေ့လူနာ (၅) ရှိကြောင်း၊ နွားထိုးကြီးတွင် ဇူလိုင် ၁၃ ရက် တစ်ရက်တည်းတွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ (၃၅)ဦးရှိကြောင်း သိရသည်။

ယနေ့ထိ နွားထိုးကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့သူ(၂၃၆)ဦး၊ သေဆုံးသူ (၃)ဦး၊ (၃၂) ဦး ဆေးရုံဆင်းပြီး ဆေးကုသမှုခံယူနေသူ (၂၀၀) ရှိကြောင်း သိရသည်။

ဌေးမြင့်မောင်