အားကစားနှင့်ကာယပညာဦးစီးဌာန  မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်နှင့် Myanmar Martial Art Group(MMAG)တို့ ပူးပေါင်းစီစဉ်မှုဖြင့် မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်က အဓိကပံ့ပိုးကူညီကာ ၂၀၂၆-Myanmar Fight မျိုးဆက်သစ် မြန်မာ့ရိုးရာလက်ဝှေ့ ပြိုင်ပွဲများကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူ အားကစားရုံ၌ တွဲဆိုင်းရှစ်ဆိုင်းဖြင့် ကျင်းပသည်။

အဆိုပါ သုံးချီပြိုင်ပွဲများ၌ ရဲခေါင်(အဖြူရောင်သွေးသစ်)က ဝင်းထွဋ်သူရ (Eagle)ကို‌ ဖြောင့်လက်သီးဖြင့်  ဒုတိယအချီတွင်လည်းကောင်း၊ ကောင်းဆက်မင်း(ရန်ကြီးအောင်)က အောင်အောင်(ဇာမဏီမောင်)ကို‌ ခြေကန်ချက်၊ လက်သီးတွဲလုံးများဖြင့် ဒုတိယအချီတွင်လည်းကောင်း၊ စောကီးဒိုး (Nine)က အယ်ဂွန်ဂျာ (အဖြူရောင်သွေးသစ်)ကို   ပင့်လက်သီးဖြင့်   ပထမအချီ တွင်လည်းကောင်း    အနိုင်ရရှိသွာကြသည်။    ထို့ပြင်    တာတေ(တော်ဝင်ဧရာ) နှင့်   မိုက်ခဲလေး (MK1)တို့ ပြိုင်ပွဲတွင် နှစ်ဦးစလုံး သက်လုံ‌ကောင်းပြီး    တတိယအချီတွင်  တာတေလက်သီးကြောင့်  မိုက်ခဲလေး ပြန်မထနိုင်ဘဲ အရှုံး ပေးလိုက်ရသည်။ သက်ကို(တော်ဝင်ဧရာ)နှင့် တိုးလုံး (MK1)တို့ပြိုင်ပွဲတွင် တိုးလုံးလက်သီး‌ကြောင့်  ဒုတိယအချီ၌ သက်ကို အနား‌တောင်းခဲ့၍ တတိယအချီတွင် တိုးလုံး ထိုးချက်များ‌ကြောင့် သက်ကို(တော်ဝင်ဧရာ)ကို အလဲထိုးနိုင်သွားသည်။ ထို့နောက် နေလှိုင်း(အဖြူရောင်သွေးသစ်)  လက်သီးတွဲလုံး‌ကြောင့်  အဲရိုးဂျင်း (STL)ပထမအချီတွင်   မျက်နှာဒဏ်ရာ အနာတရဖြစ်ကာ  အရှုံးပေးလိုက်ရသည်။ ဝင်းလှိုင်ထွန်း (Nine) လက်သီးများကြောင့်   ဇွဲရန်နိုင်လင်း(တွံတေး)ကို ဒုတိယအချီတွင်အနိုင်ရရှိပြီး ကောင်းထက်ဇော် (STL) နှင့်   နော်အောင်(DOJO 9)တို့ပြိုင်ပွဲတွင် သူတစ်ပြန်ကိုယ်တစ်ပြန် ယှဉ်ပြိုင်ကာ တတိယအချီတွင် ကောင်းထက်ဇော်က‌ နော်အောင်ကို အလဲထိုး အနိုင်ရရှိသွားသည်။

အဆိုပါမျိုးဆက်သစ်ပြိုင်ပွဲသည် ပရိသတ်အကြိုက် ပွဲ‌ကောင်းများဖြစ်ခဲ့ပြီး မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာတင်အောင်လွင်၊ ဒုတိယဥက္ကဋ္ဌ ဦးကျော်ဝင်းထွန်းနှင့် အမှုဆောင်များကြည့်ရှုအားပေးကြပြီး ဆုများချီးမြှင့်ခဲ့ကြကြောင်း သိရသည်။    

ဗလ