မြဝတီ ဇွန် ၃
ကရင်ပြည်နယ် မြဝတီမြို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူးရုံး၏ ကြီးကြပ်မှုဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် နိုင်ငံသားကိုယ်ရေးအချက်အလက် UID (Unique Identity) ကတ်များ ထုတ်ပေးနိုင်ရေးအတွက် ကွင်းဆင်း ဆောင်ရွက်ခြင်း လုပ်ငန်းကို ယနေ့နံနက် ၁၀ နာရီက မြဝတီမြို့ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ မြေပြင်ကွင်းဆင်း ဆောင်ရွက်ပေးကြသည်။
ထိုသို့ ဆောင်ရွက်နေမှုများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်သန်းနှင့် မြို့နယ် ဦးစီးမှူး ဦးတင်အောင်ဝင်း၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ ဆရာမများက လိုက်လံကြည့်ရှုပြီး ပေါင်းစပ်ကူညီ ဆောင်ရွက်ခဲ့ကြသည်။
ကွင်းဆင်းဆောင်ရွက်
မြဝတီမြို့ရှိ အခြေခံပညာ အလယ်တန်းကျောင်း၊ အထက်တန်းကျောင်းများမှ အသက် ၁၀ နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများအား ဇွန် ၁ ရက်မှ ဇူလိုင် ၃၁ ရက်အထိ လမင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဆောင်းနှင်းဖြူ(ပြန်/ဆက်)


