မြဝတီ ၃၀ နိုဝင်ဘာ
ကရင်ပြည်နယ်၊မြဝတီမြို့ အာရှလမ်းမကြီးဘေးရှိ ရတနာစားသောက်ဆိုင်ရှေ့တွင် ရေမြောင်းပိတ် ဆို့မှုကြောင့် လမ်းမကြီးပေါ်ထိ ရေများရောက်ရှိနေသဖြင့် ယမန်နေ့က ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးသန်းရွှေ၊ လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်မျိုးနိုင် နှင့် အမှတ် ၄ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစည်လှိုင်တို့က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။
အဆိုပါ အာရှလမ်းမကြီးဘေးရှိ ရတနာစားသောက်ဆိုင်ရှေ့တွင် ရေမြောင်းပိတ်ဆို့မှုကြောင့် လမ်းမကြီးပေါ်ထိ ရေများရောက်ရှိနေသဖြင့် မော်တော်ယာဉ်များသွားလာရေး ခက်ခဲမှုရှိသောကြောင့် ယနေ့နံ နက် ၈ နာရီအချိန်က မြဝတီမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးသန်းရွှေ ဦးဆောင်၍ စတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိသည်။
အဆိုပါပြင်ဆင်ဆောင်ရွက်မှုကို ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၊ ခရိုင်အုပ် ချုပ်ရေးမှူး ဦးတေဇာအောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သည်များကို ပူးပေါင်းပါဝင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မန်းသန်းရွှေမြင့်


