မိုင်းကိုင်၊ ၂၂ ဇွန်
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ သတင်းစကား လက်ကမ်းစာစောင်များကို ဇွန် ၂၂ ရက်က အခြေခံပညာကျောင်းများရှိ ကျောင်းသား ကျောင်းသူများထံသို့ သွားရောက်၍ အခမဲ့ဖြန့်ဝေခဲ့သည်။
သတင်းစကားလက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးသုံးစွဲရခြင်း၏ အကြောင်းရင်းများ၊ မူးယစ် ဆေးဝါးပြဿနာကို ဘယ်လိုဖြေရှင်းကြမည်၊ မူးယစ်ဆေးဝါးအန္တရာယ်ရှောင်ကြည်ဖွယ်၊ ကမ္ဘာ့ရန်သူ ဘိန်းဖြူ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေး လုပ်ငန်း များ၊ မူးယစ်ဆေးစွဲသူ ဖေးမကူ စသည့် ကာတွန်း၊ ကဗျာ၊ ဆောင်ပုဒ်များ၊ အကြောင်းအရာများဖြင့် အသိပညာပေး ရေးသားဖော်ပြထားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးချုပ်မှ တာဝန်ခံထုတ်ဝေကာ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်


