မူပိုင်ခွင့်နဲ့ပတ်သက်ပြီး တရားရင်ဆိုင်ရမယ့် တေလာဆွစ်

ကမ္ဘာကျော်ပေါ့ပ်ကြယ်ပွင့်တစ်ဦးဖြစ်သူ တေလာဆွစ်ဟာ တေးသီချင်း မူပိုင်ခွင့်နဲ့ပတ်သက်ပြီး တရားရင်ဆိုင်ရမှာဖြစ်ပါတယ်။ သူ့ရဲ့ကျော်ကြားတဲ့ တေးသီချင်းတစ်ပုဒ်ဖြစ်တဲ့ Shake It Off မှာ ပါဝင်တဲ့ သီချင်းစာသား အချို့ဟာ ကူးယူထားခြင်းဖြစ်ကြောင်း စွပ်စွဲခံထားရကြောင်း ကယ်လီဖိုးနီးယား တရားသူကြီးတစ်ဦးက ပြောကြားခဲ့တယ်လို့ အေးရှားဝမ်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

အမေရိကန်ခရိုင်တရားသူကြီး မိုက်ကယ်ဒဗလျူဖစ်ဂျရယ်ရဲ့ ပြောကြားချက်အရ တေလာဆွစ်ရဲ့ တေးသီချင်းစာသားနဲ့ အာရန်ဘီ တေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ 3LW ရဲ့ တေးသီချင်း Playas Gon' Play အကြား သိသာထင်ရှားတဲ့ ကွာခြားမှုတွေရှိနေသလို လုံလောက်တဲ့တူညီမှုတွေကိုလည်း တွေ့နေရတာ ကြောင့် ရုံးတင်စစ်ဆေးသွားမှာ ဖြစ်ကြောင်း သိရပါတယ်။

အေးပြည့်