မုံရွာ ဇူလိုင် ၁၆

 

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် သစ်တောဦးစီးဌာန၏ ၂၀၂၆ ခုနှစ် မိုးရာသီ ဝါးတစ်အုပ်တစ်မစိုက်ပျိုးပွဲကို ဇူလိုင် ၁၄ ရက်က မုံရွာတက္ကသိုလ်ဝင်းအတွင်း၌ ကျင်းပသည်။

 

ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးတင်သန်းဝင်း၊ မုံရွာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသန်းသန်းဝင်းနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများက ဝါးပျိုးပင် ၄၂၀ နှင့် တမာပျိုးပင် ၃၀၀ တို့ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။  

ခရိုင်(ပြန်/ဆက်)