မုံရွာ အောက်တိုဘာ ၂၂

 

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်းစာရင်း ကောက်ယူရေးလုပ်ငန်းကို အောက်တိုဘာ ၂၂ ရက် နံနက် နာရီက မုံရွာမြို့ ရွှေပြည်အေးရပ်ကွက်တွင် စာရင်းစစ်၊ စာရင်းကောက် အဖွဲ့ ၃၁ ဖွဲ့ကာ စုစုပေါင်း ၁၇၅ ဦးတို့က Mobile Tablet များအသုံးပြု၍ တစ်အိမ်တက်ဆင်း စနစ်ဖြင့် ဆက်လက်ကွင်းဆင်း ကောက်ယူလျက်ရှိသည်။

 

အဆိုပါ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော စာရင်းစစ်၊ စာရင်းကောက်များ၏ သန်းခေါင်စာရင်း ကွင်းဆင်းကောက်ယူနေမှုတို့အား မုံရွာခရိုင်နှင့် မြို့နယ် သန်းခေါင်စာရင်း ကောက်ယူရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လိုက်ပါကြီးကြပ် ကြည့်ရှုဆောင်ရွက် ပေးလျက်ရှိကြောင်း သိရှိရသည်။

 

မုံရွာမြို့နယ်တွင် ကောက်ကွက်ပေါင်း (၄၂၆)ကွက်ရှိ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်းစာရင်း ကောက်ယူရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ရက်မှ အောက်တိုဘာ ၂၁ ရက်အထိ ၉၃ ဒသမ ၄၂ ရာခိုင်နှုန်း ကောက်ယူပြီးစီးပြီး ဆက်လက်၍ ကျန်ရှိရပ်ကွက်များအလိုက် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)