မုံရွာမြို့ ကန်သာယာကန်ထိပ်မှ နာရီစင်အထိဗိုလ်ချုပ်လမ်းမကြီးတစ်လျောက်တွင်လမ်းလယ် မီးတိုင်များ စိုက်ထူသွားမည်

မုံရွာ ၂၅ ဖေဖော်ဝါရီ 

 

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးစိုက်ရာ မုံရွာမြို့ ဗိုလ်ချုပ်လမ်းမကြီး၏ ကန်သာယာကန်ထိပ်မှ နာရီစင် အထိ လမ်းတစ်လျှောက်တွင် လမ်းလယ်မီးတိုင်များ စိုက်ထူသွားမည် ဖြစ်ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး စည်ပင်သာယာရေးအဖွဲ့ရုံးမှ ဒုတိယအင်ဂျင်နီယာမှူးကြီး ဦးမြင့်အောင်၏ ပြောကြားချက်အရ သိရသည်။

 

11

 

လမ်းအသုံးပြုသူများ လုံလောက်သောအလင်းရောင်များရရှိစေရန်၊ ယာဉ်ကြောခွဲခြားသတ်မှတ်ရန်  ယာဉ် အန္တရာယ်ကင်းရှင်းရန် မြို့တော်အင်္ဂါရပ်နှင့်ညီညွတ်စေရန်အတွက် စိုက်ထူပေးခြင်း ဖြစ်ကြောင်း သိရသည်။

 

33

 

'' အခုလုပ်ငန်းကိုလုပ်ဖို့အတွက် လွန်ခဲ့တဲ့(၅)လလောက်ကတည်းကကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင် ခဲ့တယ်၊အခုလမ်းလယ်ဓာတ်တိုင်စိုက်ထူမဲ့လမ်းမကြီးကလုံလောက်တဲ့လမ်းအကျယ်ရှိတဲ့အတွက် လုပ်ဆောင်ပေး တာပါ၊ ဒီလုပ်ငန်းကို ဌာနရန်ပုံငွေ၊အလှူရှင်တွေနဲ့ ပူးပေါင်းပြီးလုပ်ဆောင်ပေးမှာပါ၊ အခု လမ်းဖြတ်၊ လမ်းကွေ့လုပ်မယ့်နေရာတွေ၊ ဓာတ်တိုင်စိုက်မယ့် နေရာတွေကို တိုင်းတာမှုတွေ လုပ်ပြီးသွားပြီ၊ ဓာတ်တိုင်တွေနဲ့ ဆက်စပ် ပစ္စည်းတွေလည်း ရောက်နေပါပြီ'' ဟု စစ်ကိုင်းတိုင်း ဒေသကြီးစည်ပင်သာယာရေးအဖွဲ့ရုံးမှ ဒုတိယ အင်ဂျင်နီယာမှူးကြီး ဦးမြင့်အောင် ကပြောသည်။

 

အဆိုပါ လမ်းတစ်လျောက်တွင် စစ်ကိုင်းတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ရန်ပုံငွေ၊ အလှူရှင် များ၏ စုပေါင်းထည့်ဝင်ငွေများဖြင့် ဓာတ်တိုင် (၇၁)တိုင်စိုက်ထူခြင်းအား ဖေဖော်ဝါရီလ (၂၃)ရက်နေ့မှ စတင်ပြီး လုပ်ဆောင်လျက်ရှိရာ မတ်လအကုန်တွင် အပြီးလုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)

Related Articles