မုံရွာ ဇန်နဝါရီ ၂၂

မုံရွာစီးပွားရေးတက္ကသိုလ်၌ လူငယ်ငြိမ်းချမ်းရေးဖိုရမ် (၂၀၂၆) ထပ်ဆင့်ရှင်းလင်းပွဲကို ယနေ့ နံနက် ၁၁ နာရီက အဆိုပါ တက္ကသိုလ်၏ ငွေရတုခန်းမ ပင်မဆောင်၌ ကျင်းပသည်။

ဦးစွာ မုံရွာစီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ နီလာ မြင့်ထူးက အမှာစကားပြောကြား ပြီး ဘောဂဗေဒဌာန ပါမောက္ခ (ဌာနမှူး) ဒေါက်တာ သဉ္ဇာဝင်းက လူငယ်ငြိမ်းချမ်းရေးဖိုရမ် (၂၀၂၆) နှင့် ပတ်သက်၍ အတွေ့အကြုံများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး မုံရွာစီးပွားရေး တက္ကသိုလ် စတုတ္ထနှစ် ဝါဏိဇ္ဇ ဗေဒအထူးပြု ကျောင်းသား မောင်စွမ်းထက်အောင်က လူငယ်ငြိမ်းချမ်းရေးဖိုရမ် (၂၀၂၆)နှင့် ပတ်သက်၍ ယဉ်ကျေးမှုနှင့် အားကစားပေါင်းဖက်ပေး ရေရှည်ငြိမ်းချမ်းရေး ခေါင်းစဉ်ဖြင့် လည်းကောင်း၊ တတိယနှစ်ဂုဏ်ထူးတန်း ဘောဂဗေဒ အထူးပြုကျောင်းသူ မဆုပြည့်တိုးက (A Public - Private Partnership Pilot Project) ခေါင်းစဉ်ဖြင့်လည်းကောင်း အတွေ့အကြုံများကို ထပ်ဆင့် ရှင်းလင်းပြောကြား ကြပြီး လူငယ်ငြိမ်းချမ်းရေးဖိုရမ် (၂၀၂၆) ကြေညာစာတမ်းကို ဖတ်ကြား၍ မုံရွာစီးပွားရေး တက္ကသိုလ် ပါမောက္ခချုပ်နှင့် တက်ရောက်လာသော တာဝန်ရှိသူများ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)