မုဒုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၄၀)ထပ်မံတွေ့ရှိ

မုဒုံ ဇူလိုင် ၁၄

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာသစ် (၄၀) ဇူလိုင် ၁၃ ရက်က ထပ်မံတွေ့ရှိခဲ့ကြောင်း မုဒုံမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မုဒုံမြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဇူလိုင် ၁၂ ရက်က ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သည့် လူနာများနှင့် ထိတွေ့ခဲ့သူများ ဖျားနာ၊ ချောင်းဆိုး၊ အသက်ရှုကြပ်၊ အနံ့မရသဖြင့် မုဒုံမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ PCR ဖြင့် Swab နမူနာယူပြီး မော်လမြိုင်မြို့ ဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ပို့ဆောင်ခဲ့ရာ ဓာတ်ခွဲအတည်ပြုလူနာ (၁၄)ဦး၊ မြို့နယ်အတွင်းရှိ အနံ့မရသောသူများအား (Rapid Diagnostic Test (RDT) ဖြင့် မုဒုံမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ စစ်ဆေးခဲ့ရာ အတည်ပြုလူနာသစ် (၂၆)ဦး စုစုပေါင်း(၄၀) ထပ်မံတွေ့ခဲ့သည်။

ယခုအခါ ပိုးတွေ့လူနာများသည် မုဒုံမြို့နယ်ပြည်သူ့ဆေးရုံရှိ သံဃာဆောင်နှင့် မိုးကုတ်ဝိပဿနာရှိ ကိုဗစ်-၁၉ အတည်ပြုသီးသန့်ဆောင်တို့တွင် ကျန်းမာရေးစောင့်ရှောက်မှု ခံယူလျက်ရှိပြီး ဇူလိုင် ၁၃ ရက်က အတည်ပြုလူနာများအနက် (၄)ဦး ဆေးရုံဆင်းခွင့်ရရှိခဲ့သည်။ မုဒုံမြို့နယ်၌ ၂၀၂၁ ခုနှစ် ဇူလိုင် ၁၃ ရက်အထိ ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း (၁၇၂)ဦးရှိရာ အတည်ပြုလူနာများအနက် (၇)ဦးမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရက်ပြည့်မြောက်ပြီး ရောဂါလက္ခဏာ ထပ်မံပြမှုမရှိသဖြင့် ဆေးရုံဆင်းခွင့်ပြုခဲ့ကြောင်း မုဒုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)

mdn