မတ္တရာ မေ ၁၀

 

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး၌ ရက်(၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များနှင့် Biometric (UID) ကောက်ယူခြင်းလုပ်ငန်းများ နေ့ချင်းပြီး ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်သည်။

 

ယင်းသို့ ဆောင်ရွက်ရာတွင် မတ္တရာမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများမှ အသက် (၁၈) နှစ်ပြည့်ပြီးသူများအား မြို့နယ်လဝကဦးစီးမှူး ဦးကျော်သီဟစိုးနှင့် ဝန်ထမ်းများက နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့သည်။

 

ထို့နောက် တာဝန်ရှိသူများက အသက် (၁၀) နှစ်ပြည့်နှင့် (၁၈) နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်များကို လက်ဝယ်အရောက်ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ရွှေရာသား