မတ္တရာ  ၃၁  အောက်တိုဘာ

၂၀၂၀၂ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အတွက် ကြိုတင်ဆန္ဒမဲများအား အသက်(၆၀)နှစ်နှင့် အထက် ဘိုးဘွားများမှ မဲရုံများသို့ အောက်တိုဘာ ၂၉ ရက်မှစ၍ လာရောက်ပေးလျက်ရှိကြောင်း သိရသည်။

ကြိုတင်ဆန္ဒမဲများ လာရောက်ပေးကြသော သက်ကြီးဘိုဘွားများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ လမ်းညွှန်းချက်များနှင့်အညီ စနစ်တကျဆောင်ရွက်၍ ကြိုတင်ဆန္ဒမဲပေးခြင်းကို ဆောင်ရွက်စေ ကြောင်း သိရသည်။

မတ္တရာမြို့နယ်၌ ကြိုတင်ဆန္ဒမဲပေးမည့် အသက်(၆၀)နှစ်နှင့် အထက် ဘိုးဘွား (၂၆၈၈၉)ဦးနှင့် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ စုစုပေါင်း(၁၉၀၀၀၀)ကျော်ရှိပြီး မဲရုံပေါင်း (၂၆၆)ရုံ ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။

စိုးကျော်သူထွေး(မတ္တရာ)