မရင်းကုန်းကျေးရွာရှိ ဖရဲစိုက်တောင်သူများ ယခုနှစ်တွင် အကျိုးအမြတ်ဖြစ်ထွန်းနိုင်ဟု ဖရဲစိုက်တောင်သူတစ်ဦးပြောကြား

မိုးညှင်း ၈ မတ် 


ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် မရင်းကုန်းကျေးရွာရှိ ဖရဲစိုက်တောင်သူများ ယခုနှစ် ဖရဲစိုက်ရာသီတွင် လစဉ်မိုးများ ရရှိသဖြင့် အသီးအထွက်နှုန်းကောင်းမွန်၍ အကျိုးအမြတ် ဖြစ်ထွန်းနိုင်မည်ဖြစ်ကြောင်း နှစ်(၂၀)ကျော်ဖရဲစိုက်တောင်သူတစ်ဦးက ပြောကြားသည်။

 

1


မရင်းကုန်းကျေးရွာသည် အိမ်ခြေ (၂၀ဝ) ဝန်းကျင်ခန့်ရှိပြီး အများစုမှာလယ်ယာစိုက်ပျိုး ရေးဖြင့်အသက်မွေးဝမ်ကြောင်းပြုကြပြီး တစ်နှစ်ပတ်လုံး လယ်ယာထွက်ကုန် သီးနှံများဖြစ်သည့် စပါး၊ မြေပဲ၊ ပဲပုပ်၊ အာလူး၊ ကြက်သွန်၊ ဖရဲ အစရှိသည့် ရာသီအလိုက် သီးနှံများ စိုက်ပျိုးကြရာ ယခုနှစ် ဖရဲစိုက်တောင်သူ(၃၀)ဦး၏ ဖရဲစိုက်ခင်းများလစဉ်မိုးရရှိသည့်အတွက် အထွက်နှုန်း များပြားနိုင်ကြောင်းကို နှစ်(၂၀)ကျော်ဖရဲစိုက်ပျိုးလာသူ တောင်သူ ဦးထွန်းရွှေက “ဒီနှစ်ကအယင်နှစ်တွေ လိုမဟုတ်ဘူး လစဉ်မိုးလေးရွာတော့ အသီးတွေတအားလိုက်ပြီး အထွက်နှုန်းကောင်းနိုင်တယ်၊ ဒီနှစ် ဖရဲ(၂)ဧကလောက်စိုက်ထားတယ်၊အသီးတွေကတော့မြင်တဲ့အတိုင်းပဲ၊နောက် (၂)ပတ် လောက်ဆို ကောက်ပြီးရောင်းတော့မယ်” ဟု ပြောကြားသည်။


ဖရဲစိုက်ပျိုးမှုအတွက် ကုန်ကျစရိတ်နှင့် ပတ်သက်၍ ပြောကြားရာတွင် “ဖရဲစိုက်ဧက(၁) ဧကတွင်မိုးကာလိပ်(၂လိပ်ခန့်)နှင့်မျိုးဗူး(၂)ဗူး၊ဓာတ်မြေသြဇာ (၂)အိတ်နှင့်လုပ်အားခအပါအဝင် စုစုပေါင်းကုန်ကျငွေ (၂)သိန်းဝန်းကျင်ခန့်ကုန်ကျပြီး ဖရဲအထွက်နှုန်းအနေဖြင့် မိုးကာလိပ်(၁) လိပ်လျှင် အလုံးအကြီး (၇၀ဝ)ကျော်ထွက်ရှိနိုင်ပြီး၊ ယမန်နှစ်ရောင်းဈေးအနေဖြင့် ကျပ်(၁၀ဝ၀)မှကျပ် (၃၀ဝ၀)အထိ အသီးအရွယ်အစားအလိုက် ရောင်းချခဲ့ရကြောင်း” ဟု ပြောကြားကြောင်း ခရိုင် ပြန်/ဆက်မှ သိရသည်။


MDN