နေပြည်တော် ၁၇ နိုဝင်ဘာ
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ နာဂလိုဏ်ဂူဘုရားကုန်းမြေ၊ ကလေးဝတောရကျောင်းတိုက် ဦးစီးပဓာနနာယက၊ နိုင်ငံတော် သြဝါဒါ စရိယ၊ ရွှေတိဂုံစေတီတော် သြဝါဒါစရိယဆရာတော် ဘဒ္ဒန္တဇာဂရာဘိဝံသ (အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊ ဒွိပိဋကကောဝိဒ) မဟာထေရ် မြတ်ကြီးသည် သက်တော် (၈၁)နှစ်၊ သိက္ခာတော် (၆၁)ဝါအရ ၁၃၈၂-ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၁)ရက်၊ ၁၅-၁၁-၂၀၂၀ (တနင်္ဂနွေနေ့) နံနက် (၀၀:၁၅)နာရီတွင် ဘဝနတ်ထံ ပျံလွန်တော်မူကြောင်းနှင့် ၁၇-၁၁-၂၀၂၀ ရက် (အင်္ဂါနေ့) မွန်းလွဲ ၁ နာရီတွင် ကလေးဝတောရကျောင်းတိုက်၌ စျာပနအခမ်းအနား ကျင်းပ၍ ညနေ ၃ နာရီတွင် ရေဝေးသုသာန်၌ အန္တိမအဂ္ဂိစျာပန သာဓုကီဠန သဘင်ကို ဆင်ယင်ကျင်းပသွားမည်ဖြစ်ကြောင်း သာသနာရေးဦးစီးဌာနမှ သတင်းရရှိသည်။
သတင်းစဉ်


