MPT Myanmar National League 2020 ဘောလုံးပွဲစဉ် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်ပြသမည်

နေပြည်တော်  ၂၈   ဩဂုတ်

 

MPT Myanmar National League 2020 ပွဲစဉ် (၁၂)၊ ပွဲစဉ်များအနက် Yadanarbon FC အသင်းနှင့်  Yangon United FC အသင်း တို့သည် ဩဂုတ်(၃၀) ရက်တွင်လည်းကောင်း၊  Magwe FC အသင်းနှင့်  Rakhine United FC အသင်း တို့သည် ဩဂုတ်လ (၃၁) ရက်နေ့တွင်လည်းကောင်း ညနေ (၃) နာရီခွဲမှ စတင်၍ ရန်ကုန်ရှိ Y.U.S.C ကွင်းတွင် ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။

 

ဩဂုတ် (၃၀)ရက် ပွဲစဉ်ကို  မြန်မာ့ရုပ်မြင်သံကြား (MRTV) နှင့်      MRTV Sports Channel တို့တွင် လည်းကောင်း၊ ဩဂုတ် (၃၁)ရက် ပွဲစဉ်ကို MRTV Sports Channel တို့တွင် လည်းကောင်း အဆိုပါနေ့ ညနေ (၃)နာရီမှစတင်၍ တိုက်ရိုက် (Live) ထုတ်လွှင့်ပြသပေးသွားမည် ဖြစ်ပါကြောင်း  သိရသည်။

 

သတင်းစဉ်