မန်ယူအသင်း တိုက်စစ်ကစားသမား အန်သိုနီမာရှယ်ကို ဂျူဗင်တပ်စ် ခေါ်ယူလို

ရန်ကုန်   ဇူလိုင်   ၂၆

ဂျူဗင်တပ်စ်အသင်းသည် မန်ယူအသင်းမှ ပြင်သစ်တိုက်စစ်ကစားသမား အန်သိုနီမာရှယ်ကို ခေါ်ယူလိုနေကြောင်း သတင်းများတွင် ဖော်ပြထားသည်။ သို့သော်လည်း မန်ယူအသင်းက အဆိုပါ ကစားသမားကို ရောင်းထုတ်သွားဖွယ်မရှိကြောင်း သိရသည်။

နည်းပြရန်းနစ်လက်ထက်တွင် မာရှယ်၏ အနာဂတ်နှင့်ပတ်သက်ပြီး သံသယအနေအထားတွင် ရှိသော်လည်း ယခုနှစ်တွင် အိုးထရက်ဖို့ဒ်သို့ နည်းပြသစ် တန်ဟတ် ရောက်ရှိလာမှုနှင့်အတူ ရာသီအကြို ခြေစမ်းပွဲများတွင် ခြေစွမ်းပြသထားနိုင်သည့်အတွက် မာရှယ်ကိုအသင်းတွင် ထိန်းထားဖွယ်ရှိနေခြင်း ဖြစ်သည်။

ဂျူဗင်တပ်စ်အသင်းသည် အသင်းတွင် အားကစားနေသည့် တိုက်စစ်ကစားသမား မိုရာတာ အက်သလက်တီကို မက်ဒရစ်အသင်းထံသို့ ပြန်လည်ပြောင်းရွှေ့သွားသည့်အတွက် တိုက်စစ် ကစားသမား တစ်ဦးခေါ်ယူရန် လုပ်ဆောင်နေခြင်းဖြစ်သည်။ မိုရာတာသည် ဂျူဗင်တပ်စ်အသင်းတွင် နှစ်ရာသီကြာ အားကစားခဲ့ပြီး ၉၂ ပွဲတွင် ၃၂ ဂိုးသွင်းယူပေးထားသည်။

ဂျူဗင်တပ်စ်အသင်းသည် ဇူလိုင်၂၃ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ချီဗက်စ်အသင်းနှင့် ရာသီအကြို ခြေစမ်းပွဲတွင် နှစ်ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိထားသည်။ ထို့ပြင် စပိန်ကလပ်အသင်းများနှင့် ဆက်လက် ခြေစမ်းကစားသွားမည်ဖြစ်ရာ ဇူလိုင် ၂၇ ရက်တွင် ဂျူဗင်တပ်စ်အသင်းသည် ဘာစီလိုနာအသင်း၊ ဇူလိုင် ၃၁ ရက်တွင် ရီးရဲမက်ဒရစ်အသင်းတို့နှင့် ခြေစမ်းကစားသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇော်