မန္တလေး၊  ၁၉   ဇန်နဝါရီ

 

ယခုဘဏ္ဍာနှစ်တွင် မန္တလေးတိုင်းဒေသကြီးရှိ သောက်သုံးရေအခက်အခဲရှိသော ကျေးရွာများ ရေရှိရေး အတွက် ကျပ် သန်း ၂,၈၀ဝ ကျော် အသုံးပြုမည်ဟု တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးသန်းက ပြောသည်။

 

ကျေးရွာများအလိုက် ရေတွင်းနက်တူးပေးခြင်း၊ တွင်းတိမ်တူးပေးခြင်း၊ မိုးရေလှောင်ကန်လုပ်ပေးခြင်း၊ ရှိပြီးသားရေကို အိမ်အရောက်ရေပိုက် သွယ်ပေးခြင်းများပြုလုပ်ပေးသွားမည်ဟု သိရသည်။

 

ရွာတစ်ရွာကို ရေရရှိရေး လုပ်ငန်းတစ်ခုလုပ်ပေးမှာ။  လုပ်ငန်းတွေကတော့ အခုစတင်နေပြီ’’ဟု ဦးစိုးသန်းက ပြောသည်။

 

မန္တလေးတိုင်းဒေသကြီး မြို့နယ်ပေါင်း ၂၂ မြို့နယ်ရှိ ကျေးရွာပေါင်း ၁၄၀ တွင် ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်မည်ဟု ၎င်းက ပြောပြသည်။ ကျေးရွာတစ်ခုလျှင် လုပ်ငန်းအမျိုးအစားတစ်ခု လုပ်မည်ဖြစ်၍ ရေရရှိရေးလုပ်ငန်းပေါင်း ၁၄၀ ဆောင်ရွက်မည်ဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင်လည်း မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာပေါင်း ၂၄၀ ကျော်ကို ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက် ခဲ့သည်။

 

ဖြိုးအိ