မန္တလေးတိုင်းဒေသကြီး  ဝန်ကြီးချုပ် ပြင်ဦးလွင် အမှတ် (၄) အထက်တန်းကျောင်း၌ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုကို ကြည့်ရှုအားပေးပြီး  ဆရာဆရာမများအတွက် ချီးမြှင့်ငွေနှင့် ပညာသင်ကြားနေသော ကိုရင်လေးများကို နဝကမ္မ ဝတ္ထုငွေများလှူဒါန်း

 

 

မန္တလေး ဒီဇင်ဘာ ၁

 

ပြင်ဦးလွင်မြို့ အမှတ် (၄) အခြေခံပညာ အထက်တန်းကျောင်း၌ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုကို ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကိုနှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှု အားပေးကြပြီး ဆရာဆရာမများအတွက် ချီးမြှင့်ငွေနှင့် ပညာသင်ကြားနေသော ကိုရင်လေးများကို နဝကမ္မ ဝတ္ထုငွေများ လှူဒါန်းခဲ့ကြောင်း သိရသည်။

 

အဆိုပါကျောင်းသို့ ရောက်ရှိစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ်က မိမိဝါသနာပါရာ ဘာသာရပ်တွင် ထူးချွန်သူများဖြစ်အောင် ကြိုးစားသင်ယူကြရန်၊   လက်တွေ့နှင့် စာတွေ့သင်ယူမှုများ၌ အာရုံစူးစိုက် လေ့လာမှတ်သား သင်ယူကြရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ သင်ယူကြရန် ကျောင်းသားကျောင်းသူများကို တိုက်တွန်းပြောကြားခဲ့သည်။

 

mdn

 

ထို့ပြင် ဆရာ၊ ဆရာမများနှင့်တွေ့ဆုံပြီး ကျောင်းနေပျော်၍ စာတော်သော ထူးချွန်ပညာတတ်များ မွေးထုတ်ပေးရေး၊ ပညာသင်နှစ်ကာလ တစ်နှစ်ထက်တစ်နှစ် ကျောင်းတက်နှုန်း ပိုမိုတိုးတက်ရေးနှင့် အောင်ချက်ရာခိုင်နှုန်း မြင့်မားရေးအတွက် မိဘ၊ ဆရာ၊ ကျောင်း သားကျောင်းသူ အားလုံးလက်တွဲညီစွာ ပူးပေါင်း ဆောင်ရွက်ကြရေး ကိစ္စရပ်များကို ဆွေးနွေး ပြောကြားသည်။

 

 အဆိုပါကျောင်းမှတစ်ဆင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အမှတ် (၁) တပ်မတော် ဆေးရုံ (ခုတင်-၇၀၀) သို့ သွားရောက်ပြီး တပ်မှူးဗိုလ်မှူးချုပ်မျိုးသန့်၊ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြုများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ ဆေးရုံအတွက် အလှူငွေကျပ်သိန်း (၅၀) ကို ပေးအပ် လှူဒါန်းခဲ့သည်။

 

သတင်းစဉ်