မန္တလေး၊  ၄   ဒီဇင်ဘာ

မန္တလေးတိုင်း ဒေသကြီးအတွင်း Covid-19 ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းများအတွက် လိုအပ်သည့်နေရာများတွင် အသုံးပြုနိုင်ရန် အလှူရှင်များက အလှူငွေများ၊ ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးသို့ လာရောက်လှူဒါန်းလျက် ရှိသည်။

 

ဒီဇင်ဘာ ၃ ရက်က အလှူရှင် မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းမှ နှာခေါင်းစည်း အခု ၂၀၀၀၀ နှင့် ငွေကျပ်သိန်း ၅၀ ကို လည်းကောင်း၊ မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (မန္တလေးဇုန်)မှ ငွေကျပ် ၁၃၆ သိန်းတန်ဖိုးရှိ နှာခေါင်းစည်း အခု ၆၀၀၀ နှင့် အသက်ရှူစက် ၂၆ လုံးတို့ကို ပေးအပ်လှူဒါန်းရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က လက်ခံရယူပြီး  ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။                                                

မောင်ပြည်သူ(မန္တလေး)