မန္တလေး ၉ အောက်တိုဘာ

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် လုံးပတ် (၁၅)လက်မ၊ အရှည်(၁၂)ပေခန့်ရှိ စပါးကြီးမြွေ တစ်ကောင်ကို ယနေ့နံနက် ၁၀ နာရီခွဲက အောင်မြေသာစံမြို့နယ်၊ ပြည်လုံးချမ်းသာရပ်ကွက်၊ အကွက်(၅၅)၊ ၁၄ လမ်းနှင့် ၈၂ လမ်းထောင့်ရှိ SUPER POINT ဘီယာဆိုင်တွင်  တွေ့ရှိခဲ့သည်။

 

စပါးကြီးမြွေတွေ့ရှိမှုနှင့် ပတ်သက်၍ ဖယ်ရှားဖမ်းဆီးပေးနိုင်ရန် ဘီယာဆိုင်ပိုင်ရှင်မှ ပြည်လုံးချမ်းသာရပ်ကွက် အရန်မီးသတ်တပ်ဖွဲ့စခန်းသို့ အကြောင်းကြား အကူအညီတောင်းခံချက်အရ အရန်မီးသတ်တပ်စုမှူး ခင်မောင်သန်းနှင့် တပ်ဖွဲ့ဝင်(၇)ဦးတို့က သွားရောက်ဖမ်းဆီးကြပြီး အဆိုပါ မြွေအား စဉ့်ကိုင်မြို့နယ်ရှိ ပုလိပ်ဆုတောင်းပြည့် မြွေဘုရားသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဇော်လင်းဦး (အောင်စံ)