မန္တလေး ဆန်ဈေးကွက်တွင် ရွှေဘိုဘေးကျားပေါ်ဆန်း ဆန်များ ဈေးမြင့်တက်

မန္တလေး ၉  စက်တင်ဘာ

မန္တလေး ဆန်ဈေးကွက်တွင် ရွှေဘိုဘေးကျားပေါ်ဆန်းဆန်များဈေးမြင့်တက်လာကြောင်း မန္တလေးမြို့ ဆန်ကုန်သည်များထံက သိရသည်။

 

4551

 

လက်ရှိ မန္တလေးဆန်ဈေးကွက်တွင်သာမက ပြည်တွင်းဆန်ဈေးကွက်တွင်လည်း အရောင်းအဝယ်အေးနေပြီး ရွှေဘိုဘေးကျားပေါ်ဆန်း ဆန်များ ဈေးမြင့်တက်မှုကြောင့် ရန်ကုန်ပေါ်ဆန်း ဆန်များလည်း မန္တလေးဈေးကွက်သို့ ပိုမိုဝင်ရောက်လာကြောင်းသိရသည်။

 

4893

 

" ကုန်စည်စီးဆင်းမှုက နေရာအနှံ့လိုလို ကျဆင်းနေပါတယ်။ ဆန်ဈေးကွက်က ပြည်တွင်းမှာပဲ လည်နေတော့ အရောင်းက တစ်နိုင်ငံလုံးလိုလို ကျဆင်းနေပါတယ်။ပြီးတော့ ဘဏ်တွေကိစ္စ၊ ရွှေဈေးကိစ္စ ကောလာဟလတွေနဲ့ အရောင်းအဝယ်ဘက်အာရုံမရှိကြဘူး။ " ဟု မန္တလေးမြို့မှ ဆန်ကုန်သည် ဦးသိန်းဇော်က ပြောသည်။

အရောင်းအဝယ်ကျဆင်းနေချိန်တွင် ရွှေဘိုဒေသထွက်ဆန်သစ်များဖြစ်သည့် ရက် ၉၀၊ မန်းဧရာ စသည့်ဆန်များကိုသာ ကြိတ်ခွဲနေသည့်အတွက် ရွှေဘိုဘေးကျား ပေါ်ဆန်းတစ်အိတ်လျှင် ငွေကျပ် ၁၅၀ဝ ခန့်ထိ ဈေးမြင့်တက်သွားကြောင်း သိရသည် ။

လက်ရှိ မန္တလေးဆန်ဈေးကွက်၌ အရောင်းအဝယ်အေးနေပြီး ဆန်ဈေးနှုန်းများမှာလည်း အပြောင်းအလဲမရှိကြောင်း၊ ရွှေဘိုဘေးကျား ပေါ်ဆန်းဆန်တစ်တင်းခွဲတစ်အိတ် လျှင် ငွေကျပ် ၅၈၀ဝဝ/ ၅၉၀ဝဝ နှင့် ရန်ကုန်ပေါ်ဆန်းဆန် ငွေကျပ် ၄၀ဝဝဝ/၄၃၀ဝဝ ဈေးနှုန်းရှိ ကြောင်း သိရသည်။ 

သူရိန်လင်း