မကွေး ၆ ဧပြီ
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီမံကြီးကြပ်မှုဖြင့် ယခုနှစ်တွင် မင်းဘူးမြို့နယ် မန်းရွှေစက်တော်ရာ ဘုရားကြီးရှိ ကိုးခန်းကြီးတန်ဆောင်းတော်ကြီးအား ပြုပြင်မွမ်းမံခဲ့သည်။
မန်းရွှေစက်တော်ဘုရားကြီးရှိ ကိုးခန်းကြီး တန်ဆောင်းတော်ကြီးကို ကျပ်သိန်း (၅၀၀၀)ကျော် အကုန်ကျခံ၍ ပြင်ဆင်ခဲ့ခြင်းဖြစ်ပြီး ကြမ်းခင်းနှင့် မျက်နှာကြက်တော်များကို မြန်မာမှုဗိသုကာပုံစံအတိုင်း ပြင်ဆင်ထားရှိကာ မန်ရွှေစက်တော် အထက်စက်တော်ရာရှိ မြတ်စွာဘုရား ခြေတော်ရာအစစ်ကို ငုံပြီး တည်ထားသော စေတီတော်ကိုလည်း ထီးတော်အသစ် တင်လှူပူဇော်ထားရှိကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)


