မော်လမြိုင် ၁၆   စက်တင်ဘာ    

 

၂၀၁၉ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့ များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြသည်။

 

5

 

အခမ်းအနားတွင် မွန်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဇံက “အိုဇုန်းလွှာဟာ ဘေးအန္တရာယ် ရှိသည့် ခရမ်းလွန်ရောင်ခြည်လှိုင်းများကို ကမ္ဘာပေါ်သို့ တိုက်ရိုက်မကျရောက်စေရန် ခရမ်းလွန်ရောင် ခြည် ၉၉ ရာခိုင်နှုန်းကို စုပ်ယူပေးတဲ့ သဘာဝအကာအရံတစ်ခုဖြစ်တဲ့အတွက် သက်ရှိတို့အတွက် မရှိ မဖြစ်လိုအပ်ပါကြောင်း၊ အိုဇုန်းလွှာပျက်စီးမှုကြောင့် လူသားများ၏ ကျန်းမာရေးနှင့် ပက်သက်သည့် အရေပြားကင်ဆာရောဂါ၊ မျက်စိတိမ်စွဲမှု၊ ခုခံအားကျဆင်းမှုများနှင့် သီးနှံအထွက်ကျဆင်းမှု၊ အဏ္ဏဝါ ဂေဟစနစ် ပျက်စီးမှုနှင့် ရုပ်ဝတ္ထုပစ္စည်းများ ယိုယွင်းပျက်စီးမှုတွေကို ဖြစ်ပေါ်စေပါကြောင်း၊ အိုဇုန်းလွှာကို ပျက်စီးစေသော ဒြပ်ပစ္စည်းများကို အသုံးပြုခြင်းအား တားမြစ်ပိတ်ပင်ခြင်းနှင့် ဆက်စပ်ပစ္စည်းများအား လျော့ချခြင်းဖြင့် နောင်လာနောက်သားများအတွက် အိုဇုန်းလွှာထိန်းသိမ်းကာကွယ်ခြင်းအား အထောက်အပံ့ပေးနိုင်ရုံသာမက ရာသီဥတုပြောင်းလဲမှုအား ရင်ဆိုင်ကျော်လွှားရန်အတွက် သိသာ ထင်ရှားသော ကမ္ဘာ့တွန်းအားပေးမှုများလည်း ဖြစ်ပါကြောင်း” ပြောကြားသည်။

 

8

 

ဆက်လက်၍ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် Antonio Guterres ၏ ကမ္ဘာ့အိုဇုန်း လွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် သဝဏ်လွှာကို ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က ဖတ်ကြားပြီး ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်(UNEP) အမှုဆောင်ညွှန်ကြားရေးမှူး Ms.Inger Andersen ၏ ၂၀၁၉ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် နှုတ်ခွန်းဆက်အမှာစကားကို Video Clip ဖြင့်ပြသသည်။

 

ထို့နောက် ၂၀၁၉ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အထက်တန်းအ ဆင့် စာစီစာကုံးပြိုင်ပွဲနှင့် အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသားကျောင်းသူ များကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ဆုများပေးအပ်ချီးမြှင့်ပြီး ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်း ရေးနေ့ အထိမ်းအမှတ် အသိပညာပေး Video ကိုပြသခဲ့သည်။ 

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ပြသထားသော ပြခန်းအားလှည့်လည်ကြည့်ရှုခဲ့ကြသည်။

 

ခရိုင်(ပြန်/ဆက်)