မွန်ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ပြည်နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ကော်မတီ၀င်များနှင့်တွေ့ဆုံ

မော်လမြိုင် မတ်  ၂၄

 

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ကော်မတီဝင်များနှင့် တွေ့ဆုံပွဲကို မော်လမြိုင်မြို့နယ် စုပေါင်းရုံး၊ စတုတ္ထထပ်ရှိ မွန်ပြည်နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ မွန်ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုး၊ ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်အောင်၊ မွန်ပြည်နယ်ရှိ ၁၀ မြို့နယ် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

 

အခမ်းအနားတွင်  မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုးက အမှာစကား ပြောကြားပြီး ပြည်နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်အောင်က ပြည်နယ်အဖွဲ့နှင့် မြို့နယ်အဖွဲ့များ စတင်ဖွဲ့စည်းခဲ့သည့် ၂၀၂၂ ခုနှစ် စက်တင်ဘာလမှစ၍ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအထိ ဆင်းရဲနွမ်းပါးသည့် ပြည်သူများအတွက် အမှုများကို အခမဲ့ရှေ့နေလိုက်ပါ ဆောင်ရွက်ခဲ့ရာ ပြီးပြတ်မှု ၈၂ မှု၊ လိုက်ပါဆောင်ရွက်ဆဲ အမှုလက်ကျန် ၆၇ မှု ရှိကြောင်း တင်ပြပြီး ခရိုင်/မြို့နယ်အဖွဲ့များကလည်း မြို့နယ်အလိုက် လုပ်ငန်းဆောင်ရွက်ချက်များကို ဆွေနွေးတင်ပြကြသည်။

 

ခရိုင်(ပြန်/ဆက်)