မြန်မာ့ပညာရေးရုပ်သံလိုင်း (Myanmar Education Channel) ကို အချိန်တိုးမြှင့် ထုတ်လွှင့်မည်

နေပြည်တော်  ၁   အောက်တိုဘာ

 

မြန်မာ့ပညာရေးရုပ်သံလိုင်း (Myanmar Education Channel) ကို အောက်တိုဘာလ ၅ ရက်နေ့မှစတင်ပြီး စနေ၊ တနင်္ဂနွေနေ့မှအပ ရုံးဖွင့်ရက်များတွင် မနက် ၁၀ နာရီမှ ညနေ ၆ နာရီအထိ တစ်ကြိမ်ကို ၄ နာရီစာနှင့် နှစ်ကြိမ် တိုးချဲ့ထုတ်လွှင့်မည်ဖြစ်ကြောင်း ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဆက်သွယ်မေးမြန်းချက်အရ သိရသည်။

 

တိုးချဲ့ထုတ်လွှင့်ရာတွင် ကျောင်းသား၊ ကျောင်းသူများ စဉ်ဆက်မပြတ် ပညာသင်ယူနိုင်ရန်၊ ဆရာ၊ ဆရာမများအနေနှင့် သင်ရိုးသစ်နှင့်ပတ်သက်ပြီး သင်ကြားသင်ယူမှုနည်းလမ်းများ လေ့လာနိုင်ရန် အဓိကရည်ရွယ်ခြင်းဖြစ်ပါသည်။ မြန်မာ့ပညာရေးရုပ်သံလိုင်း (Myanmar Education Channel) ကို အများပြည်သူဖမ်းယူကြည့်ရှုနိုင်ရန်အတွက် Digital Free to Air လိုင်းအဖြစ် မေ ၄ ရက်နေ့မှ စတင် စမ်းသပ်ထုတ်လွှင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

#MRTV