မြန်မာနိုင်ငံ၌ ပြည်တွင်းသကြားဈေးနှုန်း ၁၀ နှစ်အတွင်း အနိမ့်ဆုံး ဈေးနှုန်းသို့ ရောက်ရှိ

မန္တလေး ၁၃ သြဂုတ်


မြန်မာနိုင်ငံ၌ ပြည်တွင်းသကြားဈေးနှုန်းမှာ ၁၀ နှစ်အတွင်း အနိမ့်ဆုံး ဈေးနှုန်းသို့ ရောက်ရှိနေကြောင်း မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်းမှ သိရသည်။


ယခုလက်ရှိအချိန်တွင် ပြည်တွင်းသကြားဈေးနှုန်းမှာ တစ်ပိဿာလျှင် ငွေကျပ် ၉၆၀ မှ ၉၈၀ အတွင်း ရောက်ရှိနေပြီး ၂၀၁၀ ပြည့်နှစ်နောက်ပိုင်းမှစ၍ ၁၀ နှစ်အတွင်း အနိမ့်ဆုံးဈေးသို့ ရောက်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။


“တရုတ်ကလည်း အဝယ်ပိတ်ထားတာ ကြာပြီ။ သကြားဈေး မကောင်းတော့ ကြံဝယ်ဈေးတွေလည်း ကျတယ်။ ဈေးမကောင်းတော့ ကြံစိုက်တောင်သူတွေ ကြံစိုက်မှုနှုန်း မြန်မာနိုင်ငံမှာ သိသိသာသာ လျော့ကျသွားနိုင်ပါတယ်။ လက်ရှိမှာလဲ တောင်သူတွေက ကြံစိုက်ဖို့ သိပ်စိတ်မဝင်စားကြတော့ဘူး” ဟု သကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များ အသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေးက ပြောသည်။


ယခင်နှစ် အစောပိုင်း အတွင်းက ပြည်တွင်းသကြားဈေးနှုန်းများမှာ တစ်ပိဿာလျှင် ငွေကျပ် ၁၀ဝဝ အထက်သို့ရှိခဲ့ပြီး ပြီးခဲ့သည့်နှစ် စက်တင်ဘာလမှစ၍ ၂၀၁၈-၂၀၁၉ ကြံရာသီ သကြားထုတ်လုပ်ချိန်ထိ တရုတ်နိုင်ငံသို့ သကြားတင်ပို့မှု ရပ်နားခဲ့ရသည်။


သူရိန်လင်း