ရန်ကုန် ၁၃ မေ

 

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင်များ ရွေးချယ်တင်မြှောက်ရေးအဖွဲ့သည် သတင်းမီဒီယာဥပဒေ၊ နည်းဥပဒေများနှင့်အညီ လစ်လပ်သွားသည့် သတင်းမီဒီယာကောင်စီဝင် နေရာများအတွက် အစားထိုးရွေးချယ်မှုကို ၂၀၂၁ ခုနှစ်၊ ဧပြီ  ၃၀ ရက်တွင် အောင်မြင်စွာ စနစ်တကျ ရွေးချယ်ပေးခဲ့ပြီး ဖြစ်သည်။

 

သတင်းမီဒီယာနည်းဥပဒေ ၁၂ အရ ကောင်စီဝင်များအနက် ဥက္ကဋ္ဌ တစ်ဦး၊ ဒုတိယဥက္ကဋ္ဌ နှစ်ဦး၊ အတွင်းရေးမှူး တစ်ဦး၊ ဘဏ္ဍာရေးမှူး တစ်ဦးနှင့် စာရင်းစစ် တစ်ဦး တို့ကို ကောင်စီဝင်များ၏ ဆန္ဒနှင့်အညီ ရွေးချယ်တင်မြှောက်ခဲ့ရာ ဒေါက်တာ မျိုးသန့်တင် (ဥက္ကဋ္ဌ)၊ ဦးအုန်းမောင် (မြင်းမူ-မောင်နိုင်မိုး) (ဒုတိယဥက္ကဋ္ဌ-၁)၊ ဦးတင်မောင်ဦး (ကြို့ပင်ကောက်-တင်မောင်ဦး) (ဒုတိယဥက္ကဋ္ဌ-၂)၊ ဦးမျိုးထွန်း (မောင်စိမ်းနောင်-လယ်ဝေး) (အတွင်းရေးမှူး)၊ ဦးရဲနိုင်စိုး (တွဲဖက်အတွင်းရေးမှူး-၁)၊ ဦးအောင်ပြည့်စုံ (တွဲဖက်အတွင်းရေးမှူး-၂)၊ ဦးမင်းဟန် (ဘဏ္ဍာရေးမှူး) နှင့် ဦးသက်နိုင်ဦး(စာရင်းစစ်) တို့ အသီးသီးရွေးချယ်ခံရကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင်များ ရွေးချယ်တင်မြှောက်ရေးအဖွဲ့မှ သတင်းရရှိသည်။

 

သတင်းစဉ်