ဟားခါး ဇူလိုင် ၁၆

 

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေဆိုင်ရာ ရှင်းလင်းဆွေးနွေးခြင်းကို ယနေ့မွန်းလွဲ ၁ နာရီတွင် ချင်းပြည်နယ် ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က အမှာစကားပြောကြားပြီး တာဝန်ရှိသူများက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေဆိုင်ရာကိစ္စရပ်များ၊ PPP စီမံကိန်းများ၏ အခြေခံ သဘောတရားနှင့် အစိုးရ၏အခန်းကဏ္ဍ၊ ၃၀ မဂ္ဂါဝပ်အောက် ဆိုလာစွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်ယူနိုင်ရေးအစီအမံများ၊ မြို့အလိုက် သောက်သုံးရေဖူလုံစွာရရှိရေးအစီအမံ၊ PPP ဖြင့် အကောင်အထည်ဖော်ဆောင်မည့် တန်ဖိုးနည်းအိမ်ရာ အစီအမံတို့ကို အသေးစိတ်ရှင်းလင်း တင်ပြကြသည်။

 

ထို့နောက် တက်ရောက်လာကြသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)