ပန်းတောင်း  ၁၆  စက်တင်ဘာ 


ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့စခန်း ဖွင့်ပွဲကို ပန်းတောင်းမြို့ဝန်လို ရပ်ကွက်၌ စက်တင်ဘာ ၁၄ ရက် နံနက် ၇ နာရီတွင်လည်းကောင်း၊ ထုံးဘိုနယ်မြေ နှစ်ထပ်မီးသတ်စခန်း အသစ်ဖွင့်ပွဲကို နံနက် ၉ နာရီက အဆိုပါ မီးသတ်စခန်းများရှေ့၌ ကျင်းပသည်။ 


ရှေးဦးစွာ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့စခန်းနှင့် ထုံးဘိုနယ်မြေ နှစ်ထပ်မီးသတ်စခန်း အသစ်ဖွင့်ပွဲတို့အား တိုင်းဒေသကြီး (၁) လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဇင်မိုးထိုက်၊ ဒုတိယအုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်း၊ ခရိုင်မီးသတ်ဦးစီး အရာရှိ ဦးအေးကျော်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကိုကိုဝေဟိန်းနှင့် ထုံးဘိုရပ်ကွက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုး ဦးစောကျော်လှိုင်တို့ကဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။


ယင်းနောက် ထုံးဘိုနယ်မြေ နှစ်ထပ်မီးသတ်စခန်း အပေါ်ထပ်တွင် ဆက်လက်ကျင်းပရာ တိုင်းဒေသကြီး(၁)လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဇင်မိုးထိုက် က အဖွင့်မှာစကား ပြောကြားပြီး၊ ခရိုင်မီးသတ်ဦးစီးအရာရှိ ဦးအေးကျော်က နယ်မြေမီးသတ်စခန်း အသစ်ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားကာ ထုံးဘိုမြို့နယ် ရပ်မိရပ်ဖ တစ်ဦးမှ ကျေးဇူးတင်စကား ပြောကြား၍ မီးသတ်စခန်း အသစ်အား အမွေးနံသာများဖြင့် ပက်ဖျန်းပေးခဲ့ကြောင်း သိရသည်။ 


သင်းသင်းအေး (ပြန်/ဆက်)