မြန်မာနိုင်ငံ လူငယ်ရေးရာလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

နေပြည်တော် ဇူလိုင် ၂၇

မြန်မာနိုင်ငံ လူငယ်ရေးရာလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ် (၂/၂၀၂၃)ကို ယနေ့မွန်းလွဲပိုင်းတွင် လူငယ်ရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံ လူငယ်ရေးရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက် က အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တာဝန်ရှိသူများအားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန်လိုကြောင်း၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသူများနှင့် ကဏ္ဍအသီးသီးတွင် ထူးချွန်ဆုရရှိခဲ့ကြသူများကို အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနားတွင် ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်းနှင့် ဆုရရှိခဲ့ကြသူများ၏ အမည်စာရင်းများကို သတ်မှတ်ရက်အတွင်း  အချိန်မီပေးပို့ကြရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဘဏ္ဍာရေး၊ တည်းခိုနေထိုင်ရေး၊ အခမ်းအနားပြင်ဆင်ရေး၊ ထူးချွန်ဆုချီးမြှင့်မည့် အစီအစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြပြီး ဒုတိယဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်မှာကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

သတင်းစဉ်