ရန်ကုန်      ဇူလိုင်    ၂၃

၂၀၂၆-၂၀၂၇ ရာသီ MNL ပြိုင်ပွဲသို့ တန်းတက်ကစားခွင့်ရထားသည့် မြန်မာနေရှင်နယ်လိဂ်ကလပ် ရန်ကုန်စီးတီးအသင်းသည် ထိုင်းနိုင်ငံ၌ ရာသီကြိုလေ့ကျင့်နေပြီး ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားလျက်ရှိသည်။

ရန်ကုန်စီးတီးအသင်းသည် ဇူလိုင် ၂၀ ရက် ညနေပိုင်းက ထိုင်းနိုင်ငံ သို့ထွက်ခွာခဲ့ပြီး   ဇူလိုင် ၂၁ ရက်မှစ၍  လေ့ကျင့်နေခြင်းဖြစ်သည်။ ထိုင်းခရီးစဉ် ပထမဆုံးခြေစမ်းပွဲအဖြစ် ထိုင်းလိဂ်-၃ ကလပ် Pluak Daeing United အသင်းနှင့် ခြေစမ်းကစားရာ နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ခြေစမ်းပွဲ ကို မိနစ် ၃၀ သုံးပိုင်းခွဲ ကျင်းပခဲ့ပြီး ရန်ကုန်စီးတီးအသင်းသည် စီနီယာကစားသမားများနှင့် လူငယ်ကစားသမားများ တွဲဖက်အသုံးပြုခဲ့သည်။ ပထမပိုင်းနှင့် ဒုတိယပိုင်းတွင် ဂိုးမသွင်းနိုင်ဘဲ တတိယပိုင်းတွင် နေလင်းသန့်နှင့် ထက်အာကာဝင်းတို့က ရန်ကုန်စီးတီးအသင်းအတွက် ဂိုးများ သွင်းယူခဲ့သည်။ ရန်ကုန်စီးတီးအသင်းသည် ထိုင်းခရီးစဉ်တွင် ထိုင်းကလပ်များအပြင် ထိုင်းနိုင်ငံ၌ လာရောက်လေ့ကျင့်နေသည့် အရှေ့အလယ်ပိုင်းမှ ကလပ်အသင်းများနှင့် ခြေစမ်းပွဲများကစားမည် ဖြစ်သည်။

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-YCFC