မြန်မာအသင်းနှင့် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် နာမည်ကြီးကစားသမားများကို ဂျပန်အသင်း ရွေးချယ်ထား

ရန်ကုန်   မေ   ၂၀

ဂျပန်လက်ရွေးစင်အသင်းသည် ၂၀၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲအဖြစ် ယှဉ်ပြိုင်ကစားမည့် မြန်မာ့လက်ရွေးစင်အသင်းနှင့် ပွဲအတွက် လူစာရင်းထုတ်ပြန်ခဲ့ရာ ဥရောပ အခြေစိုက် ကစားသမားအစုံအလင် ပါဝင်လာပြီး နာမည်ကြီးကစားသမားများကို ရွေးချယ်ထားသည်။ ဂျပန်လက်ရွေးစင်အသင်းနှင့် မြန်မာ့လက်ရွေးစင်အသင်းသည် ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် မေ ၂၈ ရက် တွင် ဂျပန်နိုင်ငံ ချီဘာမြို့၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

ဂျပန်လက်ရွေးစင်အသင်းတွင် ဂိုးသမား-ကာဝါ ရှီးမား (စထရာဘိုး၊ ပြင်သစ်)၊ ရှမစ် (ဆင့်ထရူအီဒန့်စ်၊ ဘယ်လ်ဂျီယံ)၊ နာကာမူရာ(ပေါ်တီမိုနန်ဆီ၊ ပေါ်တူဂီ)၊ နောက်တန်း- ယိုရှီဒါ (ဆမ်ဒိုရီးယား၊ အီတလီ) ဆာကာအိ(မာဆေးလ်၊ ပြင်သစ်)၊ နာဂါတိုမို (မာဆေးလ်၊ ပြင်သစ်)၊ ဆူဂါဝါရာ(အယ်လ်ခမာ၊ နယ်သာလန်)၊ ယူအီဒါ (Nimes၊ ပြင်သစ်)၊ ဟာရှီအိုကာ(ဆင့်ထရူအီဒန့်စ်၊ ဘယ်လ်ဂျီယံ)၊ မူရိုယာ (ဟန်နိုဗာ၊ ဂျာမနီ)၊ တိုမီယာဆု (ဘိုလော့ဂ်နာ၊ အီတလီ)၊ နာကာယာမာ (ဇောင်လီ၊ နယ်သာလန်)၊ အလယ်တန်း ဟာရှီမိုတို (ရော့စတော့ဗ်၊ ရုရှား)၊ မိုရီတာ (ဆန်တာကလာရာ၊ ပေါ်တူဂီ)၊ ဝါတာရူအန်ဒို (စတုဂတ်၊ ဂျာမနီ)၊ အီတာကူရာ (ဂရိုနင်ဂျန်၊ နယ်သာလန်)၊ ဟာရာဂူချီ (ဟန်နိုဗာ၊ ဂျာမနီ)၊ မီယိုရှီ (အန့်ဝပ်၊ ဘယ်လ်ဂျီယံ)၊ အီတို (KRC ဂျန့်၊ ဘယ်လ်ဂျီယံ)၊ ကီအီတာအန်ဒို (အူန်ယွန်း ဘာလင်၊ ဂျာမနီ)၊ ဒိုအန်(အာမေးနီးယား၊ ဂျာမနီ)၊ ကာမာဒါ (ဖရန့် ဖတ်၊ ဂျာမနီ)၊ ကူဘို(ဂီတာဖေး၊ စပိန်)၊ မီနာမီနို (ဆောက်သမ်တန်၊ အင်္ဂလန်)၊ ရှေ့တန်းအိုဆာကို(ဝါဒါဘရီမင်၊ ဂျာမနီ)နှင့် အဆောနို (အသင်းလက်မဲ့)တို့ ပါဝင်သည်။ ဂျပန်လက်ရွေးစင်အသင်းတွင် စပိန်လာလီဂါကလပ်၌ ကစားနေသည့် ကူဘို၊ လက်ရှိ ပရီ မီယာလိဂ်ကလပ် ဆောက်သမ်တန်အသင်းတွင်ကစားနေသည့် မီနာမီနို အပါအဝင် ဝါရင့်ကစားသမား များဖြစ်သည့် ယိုရှီဒါ၊ အန်ဒို၊ နာဂါတိုမိုစသည့် ကစားသမားများလည်း ပါဝင်လာသည်။ ဥရောပဘောလုံး ရာသီမှာ ယခုရက်ပိုင်းအတွင်း ပြီးဆုံးတော့မည်ဖြစ်သောကြောင့် ဂျပန်လက်ရွေးစင်အသင်းသည် ဥရောပနိုင်ငံအသီးသီးတွင် ကစားနေသည့် နာမည်ကြီးကစားသမား အစုံအလင်ရွေးချယ်ခဲ့ပြီး ကစားသမား ၂၆ ဦးတွင် ၂၅ ဦးအထိ ဥရောပတွင် ကစားနေသူများ ပါဝင်ခဲ့သည်။

အာရှဘောလုံးအဖွဲ့ချုပ်၏ သတ်မှတ်ချက်အရ ခြေစစ်ပွဲလက်ကျန်ပွဲများကို အုပ်စုတစ်ခုလျှင် အိမ်ရှင် တစ်နိုင်ငံရွေးချယ်၍ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းပါဝင်သည့် အုပ်စု(F) ပွဲစဉ်များကို ဂျပန်နိုင်ငံ၌ ကျင်းပမည် ဖြစ်သည်။ ဂျပန်လက်ရွေးစင်အသင်းသည် ငါးပွဲကစား ငါးပွဲနိုင် ၁၅ မှတ်ဖြင့် ဦးဆောင် လျက်ရှိပြီး မြန်မာအသင်းက ငါးပွဲကစား ခြောက်မှတ်ရရှိထားသည်။

ရဲရင့်လွင် ၊ ဓာတ်ပုံ-Japan Football