မြန်မာအသင်းနှင့် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် နာမည်ကြီးကစားသမားများကို ဂျပန်အသင်း ရွေးချယ်ထား

ရန်ကုန် ၂၁ မေ

ဂျပန်လက်ရွေးစင်အသင်းသည် ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲအဖြစ် ယှဉ်ပြိုင်ကစားမည့် မြန်မာ့လက်ရွေးစင်အသင်းနှင့်ပွဲအတွက် လူစာရင်းထုတ်ပြန်ခဲ့ရာ ဥရောပအခြေစိုက် ကစားသမားအစုံအလင် ပါဝင်လာပြီး နာမည်ကြီး ကစားသမားများကို ရွေးချယ်ထားသည်။ ဂျပန် လက်ရွေးစင်အသင်းနှင့် မြန်မာ့လက်ရွေးစင်အသင်း သည် ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် မေ ၂၈ ရက်တွင် ဂျပန်နိုင်ငံ ချီမြို့၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

ဂျပန်လက်ရွေးစင်အသင်းတွင် ဂိုးသမား- ကာဝါ ရှီးမား (စထရာဘိုး၊ ပြင်သစ်)၊ ရှမစ် (ဆင့်ထရူအီဒန့်စ်၊ | ဘယ်လ်ဂျီယံ)၊ နာကာမူရာ(ပေါ်တီမိုနန်ဆီ၊ ပေါ်တူဂီ)၊ နောက်တန်း- ယိုရှီဒါ (ဆမ်ဒိုရီးယား၊ အီတလီ)၊ ဆာကာအိ(မာဆေးလ်၊ ပြင်သစ်)၊ နာဂါဆိုမို (မာဆေးလ်၊ ပြင်သစ်)၊ ဆူဂါဝါရာ(အယ်လ်ခမာ၊ နယ်သာလန်)၊ ယူအီဒါ (Nimes၊ ပြင်သစ်)၊ ဟာရှိအိုကာ (ဆင့်ထရူအီဒန့်စ်၊ ဘယ်လ်ဂျီယံ)၊ မူရိယာ(ဟန်နိုဗာ၊ ဂျာမနီ)၊ တိုမီယာဆု (ဘိုလော့ဂ်နာ၊ အီတလီ)၊ နာကာ ယာမာ (ဇောင်လီ၊ နယ်သာလန်)၊ အလယ်တန်းဟာရှီမိုတို (ရော့စတော့ဗ်၊ ရုရှား)၊ မိုရီတာ (ဆန်တာကလာရာ၊ ပေါ်တူဂီ)၊ ဝါတာရူအန်ဒို (စတုဂတ်၊ ဂျာမနီ)၊ အီတာကူရာ (ဂရိုနင်ဂျန်၊ နယ်သာလန်)၊ ဟာရာဂူချီ (ဟန်နိုဗာ၊ ဂျာမနီ)၊မီယိုရှီ (အန့်ဝပ်၊ ဘယ်လ်ဂျီယံ)၊ အီတို (KRC ဂျန့်၊ ဘယ်လ်ဂျီယံ)၊ ကီအီတာအန်ဒို (အူန်ယွန်း ဘာလင်၊ ဂျာမနီ)၊ ဒိုအန် (အာမေးနီးယား၊ ဂျာမနီ)၊ ကာမာဒါ (ဖရန့် ဖတ်၊ ဂျာမနီ)၊ ကူဘို (ဂီတာဖေး၊ စပိန်)၊ မီနာမီနို (ဆောက်သမ်တန်၊ အင်္ဂလန်)၊ ရှေ့တန်းအိုဆာကို (ဝါဒါဘရီမင်၊ ဂျာမနီ)နှင့် အဆာနို (အသင်းလက်မဲ့)တို့ ပါဝင်သည်။ ဂျပန် လက်ရွေးစင်အသင်းတွင် စပိန်လာလီဂါကလပ်၌ ကစားနေသည့် ကူဘို၊ လက်ရှိ ပရီ မီယာလိဂ်ကလပ် ဆောက်သမ်တန်အသင်းတွင်ကစားနေသည့် မီနာမီနို အပါအဝင် ဝါရင့်ကစားသမားများဖြစ်သည့် ယိုရှီဒါ၊ အန်ဒို၊ နာဂါတိုမိုစသည့် ကစားသမားများ လည်း ပါဝင်လာသည်။ ဥရောပဘောလုံးရာသီမှာ ယခုရက်ပိုင်းအတွင်း ပြီးဆုံးတော့ မည်ဖြစ်သောကြောင့် ဂျပန်လက်ရွေးစင်အသင်းသည် ဥရောပနိုင်ငံအသီးသီးတွင် ကစားနေသည့် နာမည်ကြီးကစားသမား အစုံအလင်ရွေးချယ်ခဲ့ပြီး ကစားသမား ၂၆ ဦး တွင် ၂၅ ဦးအထိ ဥရောပတွင် ကစားနေသူများ ပါဝင်ခဲ့သည်။

အာရှဘောလုံးအဖွဲ့ချုပ်၏ သတ်မှတ်ချက်အရ ခြေစစ်ပွဲလက်ကျန်ပွဲများကို အုပ်စုတစ်ခုလျှင် အိမ်ရှင်တစ်နိုင်ငံ ရွေးချယ်၍ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းပါဝင်သည့် အုပ်စု(F)ပွဲစဉ်များကို ဂျပန်နိုင်ငံ၌ ကျင်းပမည် ဖြစ်သည်။ ဂျပန်လက်ရွေးစင်အသင်းသည် ငါးပွဲကစား ငါးပွဲနိုင် ၁၅ မှတ်ဖြင့် ဦးဆောင်လျက်ရှိပြီး မြန်မာအသင်းက ငါးပွဲကစား ခြောက်မှတ်ရရှိထားသည်။

ရဲရင့်လွင် ၊ ဓာတ်ပုံ-Japan Football