မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ကုန်သွယ်မှုတိုးမြှင့်ရေးနှင့် နယ်စပ်ကုန်စည်ပြပွဲကျင်းပနိုင်ရေး ဆွေးနွေး

နေပြည်တော် ဇူလိုင် ၂၇

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဆောင်သောအဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တဲဟုန်ပြည်နယ်ပြည်သူ့အစိုးရ အုပ်ချုပ်ရေးမှူး Mr. Wei Gang ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးကြသည်။

 

တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ကုန်သွယ်မှုတိုးမြှင့်နိုင်ရေး၊ ပို့ကုန်အမယ်သစ်များ တိုးမြှင့်တင်ပို့ရာတွင် တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (GACC)၏ ခွင့်ပြုချက်ရရှိရေးအတွက် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေး၊ တစ်ဆင့်ဖြတ်သန်း ကုန်သွယ်မှုတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ (၁၆)ကြိမ်မြောက် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှု ပူးပေါင်းညှိနှိုင်းရေး ကော်မတီအစည်းအဝေး ကျင်းပနိုင်ရေး၊ အကြိမ် (၂၀)မြောက် တရုတ်-မြန်မာ နယ်စပ်ကုန်စည်ပြပွဲ ကျင်းပနိုင်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ 

 

တွေ့ဆုံပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာနနှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်