MNL Cup ပြိုင်ပွဲ အုပ်စုပထမအကျော့  နောက်ဆုံးပွဲများ ဧပြီ ၅ ရက်နှင့် ၆ ရက်တွင် ကျင်းပမည်

 

ရန်ကုန်၊ဧပြီ ၄

၂၀၂၄ MNL Cup ပြိုင်ပွဲ အုပ်စုပထမအကျော့ နောက်ဆုံးပွဲဖြစ်သည့် ပွဲစဉ် (၅)ကို ဧပြီ ၅ ရက်နှင့် ၆ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်သည်။

ပွဲစဉ် (၅) အဖြစ် ဧပြီ ၅ ရက်တွင် တက္ကသိုလ်ကွင်း၌ မဟာယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်း၊ သုဝဏ္ဏကွင်း၌ ရခိုင်ယူနိုက်တက်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်း၊ ပဒုမ္မာကွင်း၌ Glory Goal အသင်းနှင့် ကချင်ယူနိုက်တက်အသင်း၊ ဧပြီ ၆ ရက်တွင် တက္ကသိုလ်ကွင်း၌ Dagon Port အသင်းနှင့် ဧရာဝတီယူနိုက်တက်အသင်း၊ သုဝဏ္ဏကွင်း၌ ဒဂုံစတားအသင်းနှင့် ဟံသာဝတီယူနိုက်တက်အသင်း၊ ပဒုမ္မာကွင်း၌ သစ္စာအားမာန်အသင်းနှင့် ရတနာပုံအသင်း၊ YUSC ကွင်း၌ မြဝတီအသင်းနှင့် အား/ကာ သိပ္ပံအသင်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

ဧပြီ ၅ ရက်တွင်ကစားမည့် GFA အသင်းနှင့် တက္ကသိုလ်အသင်းပွဲကို တက္ကသိုလ်အသင်းမှ ကစားသမားများ၏ ကျောင်းစာမေးပွဲကြောင့် မတ် ၁၂ ရက်ကတည်းက ကြိုတင်ကစားပြီးဖြစ်သဖြင့် ပွဲစဉ်(၅)တွင် ခုနစ်ပွဲသာ ကစားရမည်ဖြစ်သည်။

အုပ်စုပွဲစဉ် (၄) အပြီးတွင် အုပ်စု (က) ၌ ရန်ကုန်နှင့် မဟာယူနိုက်တက်တို့က သုံးပွဲကစားကိုးမှတ်စီ၊   GFA  အသင်းက လေးပွဲကစား ခြောက်မှတ်၊ တက္ကသိုလ်အသင်းက လေးပွဲကစားသုံးမှတ်၊ ရွှေပြည်သာအသင်းက လေးပွဲကစား အမှတ်မရသေး၊ အုပ်စု (ခ) ၌  ရှမ်းယူနိုက်တက်က သုံးပွဲကစားကိုးမှတ်၊ ရခိုင်နှင့် ကချင်ယူနိုက်တက်က သုံးပွဲကစားခြောက်မှတ်စီ၊ Glory Goal  အသင်းကသုံးပွဲကစားသုံးမှတ်၊ Rainbow အသင်းက လေးပွဲကစား အမှတ်မရသေး၊ အုပ်စု (ဂ) ၌  ဒဂုံစတားအသင်းက သုံးပွဲကစားကိုးမှတ်၊ ဟံသာဝတီနှင့် ဧရာဝတီအသင်းက သုံးပွဲကစား ခြောက်မှတ်စီ၊ Dagon Port အသင်းက သုံးပွဲကစားသုံးမှတ်၊ ငွေကြယ်ပွင့် အသင်းက လေးပွဲကစား အမှတ်မရသေး၊ အုပ်စု (ဃ) ၌ အား/ကာသိပ္ပံ အသင်းက သုံးပွဲကစားခုနစ်မှတ်၊ ရတနာပုံအသင်းက သုံးပွဲကစား ခြောက်မှတ်၊ သစ္စာအားမာန်နှင့် မြဝတီအသင်းက သုံးပွဲကစား လေးမှတ်စီ၊ ရက္ခပူရယူနိုက်တက်အသင်းက လေးပွဲကစား တစ်မှတ်ရရှိထားသည်။

သတင်း - ကိုညီလေး၊

ဓာတ်ပုံ - MNL