ရန်ကုန် မတ် ၂
MNL - 2 Promotion Amateur Club Tournament 2026 ပြိုင်ပွဲ အုပ်စုပွဲများကို မတ် ၁၊ ၂ ရက်က ကျင်းပရာ Enjoy Brother၊ ရွိုင်ရယ်ချင်းတွင်း၊ သန်လျင်စီးတီးနှင့် Elite Kings အသင်းတို့ နိုင်ပွဲရရှိခဲ့သည်။
မတ် ၁ ရက်က ကျင်းပသည့် ပထမနေ့တွင် Enjoy Brother အသင်းက Happy Friendship အသင်းကို လေးဂိုး-သုံးဂိုး၊ ရွိုင်ရယ်ချင်းတွင်းအသင်းက Swat-E Academy အသင်းကို လေးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရပြီး မကွေးယူနီယံအသင်းနှင့် အာယုအသင်းတို့ တစ်ဂိုးစီသရေကျခဲ့သည်။
မတ် ၂ ရက်က ကျင်းပသည့် ဒုတိယနေ့တွင် သန်လျင်စီးတီးအသင်းက 10/Mon အသင်းကို ငါးဂိုးပြတ်၊ Elite Kings အသင်းက MYWD Star အသင်းကို ငါးဂိုးပြတ် အနိုင်ရရှိသည်။
ယခုပြိုင်ပွဲတွင် အသင်းစုစုပေါင်း ၁၁ သင်း ယှဉ်ပြိုင်နေပြီး အုပ်စု (A) တွင် အာယုအသင်း၊ Enjoy Brother အသင်း၊ Happy Friendship အသင်း၊ မကွေးယူနီယံအသင်း၊ Royal Chindwin အသင်းနဲ့ Swat-E Academy အသင်း၊ အုပ်စု (B)တွင် 10/Mon အသင်း၊ Asia Lion အသင်း၊ Elite Kings အသင်း၊ MYWD Star အသင်းနဲ့ သန်လျင်စီးတီးအသင်းတို့ ပါဝင်နေသည်။
အုပ်စုတတိယနေ့ကို မတ် ၃ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး နံနက် ၈ နာရီခွဲတွင် ဗဟန်းမြက်ခင်းတုကွင်း၌ မကွေးယူနီယံအသင်းနှင့် Swat-E Academy အသင်း၊ ညနေ ၄ နာရီတွင် ဗဟန်းမြက်ခင်းတုကွင်း၌ Happy Friendship အသင်းနှင့် Royal Chindwin အသင်း၊ သုဝဏ္ဏလေ့ကျင့်ရေးကွင်း (၁) ၌ Enjoy Brother အသင်းနှင့် အာယုအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
သတင်း-ချစ်ကိုကို
ဓာတ်ပုံ-MNL


