မန်ချက်စတာနဲ့ ပတ်ဝန်းကျင်ဒေသတွေကို အသွားအလာကန့်သတ်မှု ပြဋ္ဌာန်း 

၃၁ ဇူလိုင်

 

အင်္ဂလန်နိုင်ငံ မြောက်ပိုင်းဒေသတချို့နဲ့ မန်ချက်စတာမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ပြန်လည်ကူးစက်ပျံ့နှံ့မှာကို စိုးရိမ်တဲ့အတွက် ဒီနေ့(သောကြာနေ့)ကစပြီး အသွားအလာ ကန့်သတ်မှု ပုံစံအသစ်ကို ပြဋ္ဌာန်းကန့်သတ်လိုက်ကြောင်း သိရပါတယ်။ 

 

ကန့်သတ်မှုပုံစံအသစ်မှာ အိမ်တွင်း/အဆောက်အအုံအတွင်းမှာ လူအများစုဝေးခွင့်ကို ပိတ်ပင်လိုက်ခြင်း ဖြစ်ပါတယ်။ အခုစည်းမျဉ်းဟာ ဂရိတ်တားမန်ချက်စတာ၊ လန်ကန်ရှိုင်းယား နဲ့ ယော့ရှိုင်းယား တချို့အပိုင်းတွေမှာ သက်ရောက်ကြောင်း သိရပါတယ်။

 

ကျန်းမာရေးဝန်ကြီးက  လူတွေက တွေ့ဆုံကြရာမှာ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေရေး စည်းမျဉ်းကို လိုက်နာမှု မရှိကြောင်း၊ ဉရောပမှာ ဗိုင်းရပ်စ်ပိုးကူးစက်မှု တစ်ကျော့ပြန်လာတဲ့အတွက် အခုစည်းမျဉ်းကို  ခက်ခက်ခဲခဲ ဆုံးဖြတ်ပြီးမှ ပြဋ္ဌာန်းလိုက်တာဖြစ်ကြောင်း ပြောပါတယ်။ 

 

အခု ပြဋ္ဌာန်းချက်ဟာ ဒေသစံတော်ချိန် ကြာသပတေးနေ့ ည ၁၁ နာရီကနေ စတင်အသက်ဝင်ကြောင်း နာရီအနည်းငယ်စောပြီးသာ ကြေညာခဲ့တဲ့အတွက် ဝေဖန်မှုတွေလည်း ရှိနေခဲ့ပါတယ်။ 

 

ဗြိတိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကြောင့် သေဆုံးသူ ၄၅,၉၉၉ ရှိကြောင်း တရားဝင်ထုတ်ပြန်ချက်အရ သိရပေမယ့် သေဆုံးသူဟာ ၆၅,၀၀၀ လောက်အထိ သေဆုံးနိုင်တယ်လို့ ယုံကြည်နေကြပါတယ်။ 

 

MDN
ကိုးကား - AFP